3 d - Translate

ဗြိတိန်တွင် ကျောက်မီးသွေးသုံးဓာတ်အားထုတ်မှု ရပ်ဆိုင်း
-------------------------
ဗြိတိန်ရဲ့ နောက်ဆုံး ကျောက်မီးသွေးစက်ရုံကို စက်တင်ဘာ ၃၀ ရက်က ပိတ်သိမ်းခဲ့ပြီး ဒါဟာ ၁၄၂ နှစ်အတွင်း ဗြိတိန် စွမ်းအင်စနစ်ကနေ ပထမဆုံးအကြိမ် ကျောက်မီးသွေးကို ဖယ်ရှားလိုက်တဲ့ အဓိကမှတ်တိုင်ဖြစ်တယ်လို့ Uniper ကုမ္ပဏီ အမှုဆောင် အရာရှိချုပ် မိုက်ကယ်လူးဝစ်က အင်္ဂါနေ့က ပြောဆိုလိုက်ပါတယ်။ ဗြိတိန်ဟာ ၂၀၅၀ ပြည့်နှစ်မှာ အသားတင် ဓာတ်ငွေ့ထုတ်လွှတ်မှု သုညကိုရောက်အောင် ရည်မှန်းချက် ရှိပါတယ်။

၂၀၃၀ ပြည့်နှစ်မှာ ဓာတ်အားပေးကဏ္ဍကို ကာဗွန်ရှင်းထုတ်ဖို့အတွက် ရုပ်ကြွင်းလောင်စာက စွမ်းအင်ထုတ်လုပ်မှု လျှော့ချဖို့နဲ့ လေနဲ့နေရောင်ခြည်လို ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်မျိုးဆက်တွေ တိုးမြှင့်ဖို့ လိုအပ်ပါတယ်။ Uniper ပိုင်ဆိုင်တဲ့ ရက်ကလိဖီ အွန်ဆိုအာ ဓာတ်အားပေးစက်ရုံဟာ ဗြိတိန်နိုင်ငံ မစ်လန်းမှာ ၁၉၆၇ ခုနှစ်က စတင် လည် ပတ်ခဲ့ပြီး သူ့ရဲ့ ၂ ဂဂ္ဂါဝပ် ဓာတ်အားပမာဏဟာ အိမ်ခြေနှစ်သန်း လုံလောက်စွာ အသုံးပြုနိုင်ခဲ့ပါတယ်။

စက်ရုံမှာ ဝန်ထမ်း ၁၇၀ လောက်ရှိပြီး တချို့ဟာ ဆန္ဒအလျောက် ပိုလျှံဝန်ထမ်းအဖြစ်ခံယူကာ တချို့က အငြိမ်း စားယူသွားသလို စက်ရုံဖျက်သိမ်းဖို့ အချိန်ယူရမယ့် နှစ်နှစ်အတွက် တချို့ကတော့ ကျန်ရှိနေတယ်လို့ လူးဝစ်က ပြောပါတယ်။ ကျောက်မီးသွေးစက်ရုံ ဖျက်သိမ်းပြီး အဆင့်မြင့်ကုန်ထုတ်လုပ်မှုနဲ့ ကာဗွန်ထုတ်နည်းတဲ့ သိုလှောင် စခန်းအဖြစ် ပြောင်းလဲလုပ်ကိုင်စရာတွေ ရှိတယ်လို့လည်း ပြောပါတယ်။ ဗြိတိန်ဟာ ကျောက်မီးသွေးကနေ စွမ်းအင်ထုတ်လုပ်တာကို ရပ်ဆိုင်းတဲ့ ပထမဆုံး G7 နိုင်ငံဖြစ်တယ်လို့ သိရပါတယ်။

image