3 d - Translate

ဂုဏ်သိက္ခာ ကို တည်ဆောက်ခြင်း

ဂုဏ်သိက္ခာရှိတဲ့ လူတစ်ယောက်ကို လူတွေက အားကျကြပါတယ်။ ဂုဏ်သိက္ခာ တစ်ခု တည်ဆောက်နိုင်ဖို့ဆိုတာ လွယ်လွယ်နဲ့ မရပါဘူး။ သူ့မှာ ပေးဆပ်ရတဲ့ အရာတွေရှိတယ်။

မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း၊ မိမိကိုယ်ကိုယ် တန်ဖိုး ထားနိုင်စွမ်း၊ မိမိကိုယ်ကိုယ် စည်းစနစ်ကျစွာ နေထိုင်နိုင် စွမ်း စတဲ့ အရာ တွေ ရှိလာဖို့အတွက် ကိုယ့်ကိုယ်ကို မွေးမြူထားကြရပါတယ်။

အဲ့လို မွေးမြူရတဲ့အချ်ိန်ကာလက တစ်လ လည်း မဟုတ်သလို၊ တစ်နှစ်လည်း မဟုတ်ပါဘူး။ ဆယ်နှစ်၊ အနှစ်နှစ်ဆယ်ပါ ။

အချိန်ကာလတွေ အများကြီးရင်းနှီးတည်ဆောက်ထားရတဲ့ သိက္ခာတရားပျက်စီးဖို့ဆိုတာလည်း ၅မိနစ် လောက်ပဲကြာပါတယ်။

ဒါကြောင့် ရင်းနှီးပြီး တည်ဆောက်ထားရတဲ့ ကိုယ့်ရဲ့ သိက္ခာတရားကို တန်ဖိုးထားပါ ။ လေးစားပါ။ ဆက်လက်ပြီးတော့လည်း ဂုဏ်သိက္ခာကြီးမားတဲ့ လူတစ်ယောက်အဖြစ်အသက်ရှင်ပါ။


#myspaceadmin

#frankiestories

image