3 d - Translate

💢 အသားအရေက ပုံမှန်ထက်ပိုပြီး Dry (or) Dehydrated ဖြစ်နေတဲ့ကြားက ဝက်ခြံ နဲ့ အဆီဖုတွေ အဆက်မပျက်ထွက်နေတယ်ဆိုရင်
သေချာတယ် အဲ့ဒီအသားအရေက pH Level ကမောက်ကမဖြစ်နေလို့ပဲ!

Skin ရဲ့ pH Level Balance ဖြစ်မနေခြင်းကလည်း ဝက်ခြံ နဲ့ အဆီဖု (အထူးသဖြင့် အဆီဖု)ထွက်ခြင်းရဲ့ အဓိက အကြောင်းအရင်းတစ်ခုဖြစ်ပါတယ်။

pH Balance မညီတဲ့ ပြဿနာကိုဖြစ်စေတဲ့ထဲမှာ မျက်နှာသစ်ဆပ်ပြာအရွေးမှားတဲ့ အချက်ကတစ်ခုအပါအဝင်လည်း ဖြစ်ပါတယ်။

အဲ့လို ပြဿနာနဲ့ ရင်ဆိုင်နေရပြီဆိုရင် ပထမဆုံး စစ်ရမှာက မျက်နှာသစ်ဆပ်ပြာ ပြီးမှ ကိုယ်သုံးနေတဲ့ Skincare တွေထဲမှာ အရမ်းပြင်းတဲ့ Ingredients တွေပါမပါထပ်စစ်ရမယ်လေ။

[REVIEW] DR+ BANGGIWON pH Balancing Cleansing Gel

💚 DR+ BANGGIWON pH Balancing Cleansing Gel က အပေါ်မှာ ပြောသွားတဲ့ ပြဿနာကို ထိထိရောက်ရောက် ဖြေရှင်းပေးနိုင်ပါလိမ့်မယ်။

လူတစ်ယောက် အသားအရေရဲ့ pH Level က 4.5 to 5.75 ကြားမှ ရှိသင့်တယ်။

သူက အသားအရေအတွက် ရှိသင့်တဲ့ pH Level (pH 5.5) ကို ထိန်းပေးထားနိုင်တဲ့ Cleansing Gel လေးဖြစ်ပါတယ်။

All Skin Type သုံးသင့်တဲ့ Cleansing Gel ဆိုရင်လည်း မမှားဘူးဗျ။

သူနဲ့ မျက်နှာသစ်ပြီးရင် အသားအရေက စိုပြီး အေးနေရောပဲ။

Dehydrated ဖြစ်လို့ထွက်လာတဲ့ အဆီဖုတွေဆိုရင် တစ်ပတ်ကျော်ကျော်နဲ့ သိသိသာသာ သက်သာလာတာကိုတွေ့ရတယ်ဗျ။

Gel Type မို့ အမြှုပ်မထွက်မှာလည်း မပူနဲ့ အမြှုပ်ထွက်အားကောင်းတဲ့ Gel Foaming Cleanser ဖြစ်တယ်။

သူက Mild Cleansing Gel ဖြစ်တဲ့အတွက် irritate ဖြစ်မှာကိုလည်း မစိုးရိမ်ရဘူး။

စူပါ့ စူပါ စန်းစန်းတင့် တို့အတွက် အဆင်ပြေတဲ့ Cleanser ဆိုလည်း ဟုတ်တယ်။

ဒါပေမယ့် တစ်ခုရှိတာက Mild Cleansing Foam တွေရဲ့ အားနည်းချက်က Cleansing Power က ထင်သလောက် ခရီးမပေါက်တာမို့ သူ့ကို ညဖက်သုံးမယ်ဆိုရင်တော့ Sunscreen တစ်မျိုးပဲသုံးရင်တောင် Double Cleansing လုပ်ကိုလုပ်ပေးရပါမယ်။

သားဖြိုး အတွက်တော့တော့ သူက သားဖြိုးရဲ့ Favorite Morning Cleanser တစ်မျိုးဖြစ်တယ်။
သားဖြိုး ညပိုင်းသုံးကို SA Cleanser ကိုသုံးပြီး သူ့ကို မနက်ဖက်ပဲသုံးဖြစ်ပါတယ်။

သူ့ထဲမှာဘာ Ingredient တွေပါလည်းလို့ လေ့လာကြည့်တဲ့အခါ ထူးထူးဆန်းဆန်းတွေ့ရတာက Bifida ပါနေတာကိုတွေ့ရတယ်။
Bifida Fermentation က သားဖြိုး အကြိုက်ထဲမှာပါတဲ့ Ingredient ဖြစ်တယ်။ မျက်နှာသစ်ဆပ်ပြာမှာ ပါတာရှားတယ်လေ။
Bifidaက သိတဲ့အတိုင်းပဲ အသားကြည်ပြီး ချွေးပေါက်ကျဉ်းတယ်။ နောက်တစ်ခုက နေလောင်ဒဏ်ကြောင့် ညိုမဲ ပျက်စီးသွားတဲ့ အသားအရေကို ပြန်လည်းကောင်းမွန်စေပြီး အသားအရေကို တင်းတင်းရင်းရင်းဖြစ်စေတဲ့ Probiotic တစ်မျိုးဖြစ်တယ်။

နောက်ပြီး Calming အတွက်အရမ်းကောင်းတဲ့ Centella(CICA), Madecassoside နဲ့ အစိုဓာတ်ကိုပေးမယ့် Panthenol & Glycerine တို့ အဓိကပါဝယ်တယ်။

သူက Cleansing Gel ဆိုတဲ့ အတိုင်း အစိမ်းရောင် Gel လေးကိုမှ အနံ့သင်းသင်းလေးပါတယ်။

✅ ဝက်ခြံနဲ့ အဆီဖု ထွက်တက်တဲ့ Super Sensitive Skin, Dry & Dehydrated Skin သမားတွေအတွက် သုံးကြည့်သင့်တဲ့ Cleansing Gel လေးဖြစ်တယ်။

Skin Barrier အတွက်အရေးပါတဲ့ pH Level ကို Balancing လုပ်ပေးနိုင်တဲ့ Cleansing Gel ဖြစ်တာမို့ All Skin Type သုံးလို့ အဆင်ပြေပါတယ်။

ဒါပေမယ့် Fermentation ပါဝင်တဲ့အတွက်ကြောင့် NOT Safe Fungal Acne ပါဗျ။

200 ml အကိတ် Size ကို 22,000 Ks ဝန်းကျင်ရှိတာမို့ Budget Friendly ဖြစ်တယ်လို့ပြောလို့ရတယ်။

Where to buy: Girl Generation korea comestic online store | Dr + Banggiwon Myanmar

သားဖြိုး Review လေးကတော့ ဒီလောက်ပါပဲဗျ။

🫶🏼 ချစ်တဲ့စိတ်နဲ့ မျှဝေပေးတဲ့ Review လေးဖြစ်တာမို့ အချစ်တွေနဲ့ ဖတ်ပေးပါနော် ✌🏼

နောက် Blog မှာ ပြန်တွေ့ကျတာပေါ့…❤️

#drbanggiwom
#phbalancingcleansinggel
#review
#treasurebytharphyoe
#crd

image
image
image