Apu Lay shared a post  
3 d

3 d

ငါ့လှေ ငါထိုး ပဲခူးရောက်လို့မရဘူး!
---------------------------------
လှေအပေါ်မှာ ထိုင်နေတဲ့ လူ ၃ ယောက်
တစ်ယောက်နဲ့တစ်ယောက်စကားများရန်ဖြစ်ပြီး အလယ်မှာထိုင်နေသူက လှေဝမ်းဗိုက်ကို အပေါက်ဖောက်လိုက်တယ်။

အခြား ၂ ယောက်ကမျက်လုံးပြူး မျက်ဆံပြူးနဲ့ မလုပ်ဖို့ပြောတယ်။ အပေါက်ဖောက်နေသူက ငါ့နေရာငါဖောက်တာ မင်းတို့နဲ့မဆိုင်ဘူး။ မကြိုက်ရင် မင်းတို့လှေပေါ်ကဆင်းသွားတဲ့။

နောက်ဆုံးတော့ရေတွေဝင်ပြီး လှေမြုပ်သွားခဲ့တယ်။ စကားများရန်ဖြစ်တဲ့ ၃ ယောက်လုံးလည်း အသည်းအသန်အသက်လုရေကူးခဲ့ရတယ်။

နောက်ဆုံးတော့ လှေလည်းဆုံး။ လူတွေလည်း ပင်ပန်းနဲ့ ဘာအကျိုးမှကိုမဖြစ်ထွန်းစေခဲ့ဘူး။

-----------------------
လုပ်ငန်းအဖွဲ့အစည်းတွေမှာ ငါ့နေရာငါဖောက်တာ မင်းနဲ့မဆိုင်ဘူး မလုပ်မိကြစေဖို့ သတိထားနေထိုင်ကြဖို့တိုက်တွန်းလိုက်ပါတယ်။

ပိုင်စိုး (Management)
#crd

image