3 d - Translate

ဘန်ကောက်မြို့ပြင် ကျောင်းကား မီးလောင်မှုတွင် လူ ၂၅ ဦး သေဆုံးဖွယ်ရှိ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဆင်ခြေဖုံးအရပ်တွင် ယနေ့ အောက်တိုဘာ ၁ရက်က ကျောင်းသားငယ်များနှင့် ဆရာ/ဆရာမများ လိုက်ပါလာသော ဘတ်စ်ကားတစ်စီး မီးလောင်မှုဖြစ်ခဲ့သောကြောင့် လူ ၂၅ ဦး သေဆုံးဖွယ်ရှိသည်ဟု တာဝန်ရှိသူများနှင့် ကယ်ဆယ်ရေးသမားများက ပြောဆိုသည်။

ဥထိုင်းဌာနီပြည်နာ်မှ ခရီးသည် ၄၄ ဦး လိုက်ပါလာသော ဘတ်စ်ကားသည် အယုဒ္ဓယနှင့် နွန်ဌာဘူရီပြည်နယ်များသို့ ကျောင်းလေ့လာရေးခရီးစဉ်အဖြစ် ထွက်ခွာခဲ့ခြင်းဖြစ်သည်ဟု သယ်ယူပို့ဆောင်ရေးဝန်ကြီး Suriya Jungrungruengkit က အခင်းဖြစ်နေရာတွင် သတင်းထောက်များကို ပြောဆိုခဲ့သည်။

ဘတ်စ်ကားပေါ် လိုက်ပါခဲ့သော ကျောင်းသားများသည် မူလတန်းနှင့် အလယ်တန်းဆင့် ကျောင်းသားများဖြစ်သည်ဟု သိရသည်။

အခင်းဖြစ်ရပ်ကို စုံစမ်းစစ်ဆေးမှုများ မပြီးမြောက်သေးသည့်အတွက် တာဝန်ရှိသူများအနေဖြင့် သေဆုံးသူ အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သို့ရာတွင် အသက်ရှင်လွတ်မြောက်သူ အရေအတွက်အပေါ်အခြေခံသုံးသပ်မှုအရ သေဆုံးသူ ၂၅ ဦး ရှိနိုင်ကြောင်း ပြည်ထဲရေးဝန်ကြီး Anutin Charnvirakul က ပြောဆိုခဲ့သည်။

ယာဉ်မောင်းဖြစ်သူသည် အသက်ရှင်လွတ်မြောက်ခဲ့သော်လည်း ထွက်ပြေးသွားခဲ့ပုံရပြီး လက်ရှိအချိန်အထိ ၎င်းကို ရှာမတွေ့သေးကြောင်းလည်း သူက ပြောဆိုခဲ့သည်။

နွန်ဌာဘူရီပြည်နယ်ကို ဦးတည်နေသည့် ဘတ်စ်ကားသည် မြို့တော်ဘန်ကောက်၏ ဆင်ခြေဖုံးအရပ် ပါသမ်ဌာနီအရောက် မွန်းတည့်ချိန်လောက်တွင် စတင် မီးစွဲလောင်ခဲ့ခြင်းဖြစ်သည်ဟု ထိုင်းမီဒီယာများက ရေးသားဖော်ပြသည်။

image