4 d - Translate

မူကြိုဘတ်စ်ကားမီးလောင်မှု ယာဉ်မောင်းထွက်ပြေးပြီး ဖုန်းပိတ်ထား

မဲခေါင်၊ အောက်တိုဘာ ၁

အောက်တိုဘာ ၁ ရက် မွန်းလွဲပိုင်းက ဘန်ကောက်အနီး လမ်းမပေါ် မီးလောင်သွားတဲ့ မူကြိုနဲ့ မူလတန်းကျောင်းသားတွေ လေ့လာရေးခရီးထွက်လာရာ ဘတ်စ်ကား မီးလောင်မှုမှာ ယာဉ်မောင်း ထွက်ပြေးပျောက်ကွယ် သွားပြီး ဖုန်းပိတ်ထားကြောင်း သိရှိရပါတယ်။

ဥထိုင်းဌာနီက ကျောင်းသား ၃၈ ယောက်နဲ့ ဆရာ/ဆရာမ ၆ ယောက်လိုက်ပါလာတဲ့ ဘတ်စ်ကား မီးလောင်မှု ဟာ ကားဘီးပေါက်ရာက အရှိန်မထိန်းနိုင်မှုကနေ စတင်ဖြစ်ပွားတယ်လို့ သိရပြီး နောက်ဆုံးရသတင်းတွေအရ သေဆုံးသူဟာ ၂၀ ကျော်သွားခဲ့ပြီလို့ သိရှိရပါတယ်။

ထိုင်းမီဒီယာ Khaosod နောက်ဆုံး ထုတ်ပြန်လိုက်တဲ့သတင်းမှာ ထိုင်းပြည်ထဲရေးဝန်ကြီးနဲ့ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးတွေပါ လွတ်မြောက်ကလေးငယ်များ ယာယီစောင့်ရှောက်ရာနေရာကို ရောက်ရှိလာခဲ့ကြပြီး အားပေး နှစ်သိမ်စောင့်ရှောက်မှု ပေးနေပါတယ်။

နှစ်ထပ်ဘတ်စ်ကားလို့သတင်းစထွက်ပေါ်ပေမယ့် တကယ်တမ်းက သာမန်ထက်ပိုရှည်တဲ့ တစ်ထပ် ဘတ်စ်ကားသာဖြစ်ကြောင်းနဲ့ ဒီဘတ်စ်ကား ယာဉ်မောင်ဟာ ၄၈ နှစ်ရှိ ဆာမရန်ဆိုသူဖြစ်ပြီး အခင်းဖြစ်ပွားပြီးချိန်ကတည်းက ပျောက်ဆုံးနေသလို ဖုန်းဆက်သွယ်လို့မရအောင် ဖုန်းကိုလည်း ပိတ်ထားတယ်လို့ ဆိုပါတယ်။

နှစ်ထပ်ဘတ်စ်ကားဟာ gas-powered bus ဖြစ်လို့ ဓာတ်ငွေသုံးယာဉ်တွေရဲ့ ဘေးအန္တရာယ် သက်ရောက်နိုင်မှုကို ပြန်လည်စမ်းစစ်မယ်လို့လည်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ရှင်းလင်းပြောကြားခဲ့ပါတယ်။

image