4 d - Translate

ငါးခူ ခြောက်စပ် နဲ့ အချိုကြော်

ငါးခူကြီးကြီး ၂ကောင်
ကြက်ဥ ၁လုံး
ဂျုံမှုန့် အနည်းငယ်
ကြက်သွန်ဖြူ ၆မွှာ
ဂျင်း လက်(၁)ဆစ်
ကြက်သွန်နီ ၁လုံး
ငရုတ်ပုထောင်း အနည်းငယ်
သံပုရာသီး ၂စိတ်
မန်းကျည်းသီး အနည်းငယ်
ဆား ။
ရသာမှုန့် ။

-ငါးခူးကို အသားလွှာထားပါ။မန်းကျည်းသီး ဆား နှင့် အချွဲ
များကုန်အောင် ပွတ်ဆေးပါ။ပြီးလျှင် အမြောင်း အရှည်လေး
များလှီးထားပါ။ဆား(သို့)ရသာမှုန့် ကြက်သွန်ဖြူ ဂျင်းထောင်း
ရည်သံပုရာသီး၁စိတ်လောက်ညှစ်ပြီးရေခဲသေတ္တာထဲသို့၂နာရီခန့်နှပ်ထားပါ။ကျွန်မကတော့ညထဲကနှပ်ပြီးမနက်ကြော်ပါ
တယ်။
-ကြက်ဥကိုခလောက်ထားပါ။ပန်းကန်ပြား တစ်ချပ်ထဲသို့
ဂျုံမှုန့်များထည့်ထားပါ။
-ကြက်သွန်ဖြူ ၃မွှာကို ထောင်းထားပါ၊ကြက်သွန်နီပါးပါးလှီး
ထားပါ။
-ငါးကို ဂျုံမှုန့်တွင်ကပ်ပြီး ကြက်ဥထဲသို့နှစ်ပါ။ပြီးလျှင် ဂျုံမှုန့်
တစ်ခါပြန်လူးပြီး ဆီပူပူတွင်ထည့်ကြော်ပါ။ရွှေဝါရောင် သန်း
လာလျှင်ဆယ်ပြီးဆီစစ်ထားပါ။အချိုကြော် အတွက်ဖယ်ထား
လိုက်ပါ။
-အစပ်ကြော်ရန် ဆီပူမှာ ကြက်သွန်နီကိုကြော်ပါ။ရဲလာလျှင်
ဆယ်ထားပြီး အဖြူထောင်းထားတာထည့်ပါ။ငရုတ်ပုတောင့်
ထည့်ပါ။မွှေးလာလျှင် ကြော်ထားသော ငါးထည့်ပါ။ငံပြာရည်
ဇွန်းသေး၁ဇွန်းခန့်ထည့်ပါ။ငရုတ်ကောင်းထည့်ပြီး ခဏမွှေကာ
ရပါပြီ။

image