4 d - Translate

အာကာသမှာ ပထမဆုံး တယောထိုးသူ ဖြစ်လာတဲ့ SpaceX အင်ဂျင်နီယာ Sarah Gillis
=================================================

SpaceX အင်ဂျင်နီယာ Sarah Gillis နဲ့ Anna Menon ၊ နည်းပညာ ဘီလီယမ်နာ သူဌေး Jared Isaacman ၊ လေတပ်အရာရှိဟောင်း Scott Poteet တို့ဟာ စက်တင်ဘာလမှာ အာကာသကို SpaceX ရဲ့ Dragon အာကာသယာဉ်နဲ့ အာကာသကို သွားခဲ့ကြပါတယ်။

SpaceX အင်ဂျင်နီယာ Sarah Gillis ဟာ အာကာသမှာ ပထမဆုံး တယောထိုးသူ အဖြစ် မှတ်တမ်းဝင်သွားပါတယ်။ သူမဟာ Star Wars: The Force Awakens ဇာတ်ကားထဲမှ John Williams ရဲ့ “Rey’s Theme” သီချင်းကို တယောထိုးပြခဲ့ပါတယ်။

ထူးခြားတာက သူမရဲ့ တီးခတ်မှုကို Starlink ဂြိုလ်တု အင်တာနက်နဲ့ ကမ္ဘာကို တိုက်ရိုက်ပြသခဲ့ပြီး ကမ္ဘာအဝန်းမှ လူငယ် ဂီတပညာရှင်တွေက ပါဝင်တီးခတ်ခဲ့ကြပါတယ်။ အာကာသနဲ့ ကမ္ဘာမှ ဂီတပညာရှင်တွေ ပူးပေါင်း တီးခတ်ကြတဲ့ ကမ္ဘာ့ ပထမဆုံး ဖျော်ဖြေပွဲ ဖြစ်ခဲ့ပါတယ်။

အဲဒီ ခရီးစဉ်မှာ နောက်ထပ် စံချိန်တစ်ခုလည်း တင်ခဲ့ပါတယ်။ Isaacman ဟာ အာကာသမှာ လမ်းလျှောက်ထွက်ခဲ့ပြီး အာကာသယာဉ်မှူး မဟုတ်တဲ့ ကမ္ဘာ့ ပထမဆုံး အာကာသမှာ လမ်းလျှောက်တဲ့ လူသား အဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။

image