4 d - Translate

PSG အသင်းက အမြင့်မားဆုံးအဆင့်အတန်းရောက်နေဟု နည်းပြအာတီတာ ချီးကျူး

PSG အသင်းက အမြင့်မားဆုံးအဆင့်အတန်းရောက်ရှိနေတဲ့အင်းဖြစ်ကြောင်း နည်းပြအာတီ တာက ပြောပါတယ်။

အာဆင်နယ်အသင်းဟာ လာမယ့် အောက်တိုဘာ ၂ ရက်မှာ PSG ကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင် သွားရမှာပါ။

PSG အသင်းဟာ အမြင့်မားဆုံးခြေစွမ်းရရှိနေတဲ့ ဥရောပအသင်းတသင်းဖြစ်ပြီး အဲဒီလို အသင်းကောင်း တသင်းကို ဘယ်လိုရင်ဆိုင်တုံ့ပြန်မလဲဆိုတာ စောင့်ကြည့်ရမှာက ထိပ်တန်း အခွင့်အရေးတခုဖြစ်တယ်လို့ နည်းပြအာတေတာ က ပြောပါတယ်။

အာဆင်နယ်မှာ ခံစစ်ကစားသမားတွေဖြစ်တဲ့ ဘန်ဝိူက်နဲ့ ကလာဖီအိုရီတို့ ပါဝင်နိုင်ဖို့ ခက်ခဲ ကြောင်း နည်းပြအာတီတာက ပြောသွားပါတယ်။
DVB

image