4 d - Translate

EV ယာဉ်ထုတ်လုပ်ခြင်း အပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် (၈)ခု ခွင့်ပြု
--------------------------------
လျှပ်စစ်သုံးမော်တော်ယာဉ်အမျိုးမျိုး တပ်ဆင်ထုတ်လုပ်တဲ့ လုပ်ငန်းပါဝင်တဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် (၈)ခုကို ခွင့်ပြုပေးခဲ့တယ်လို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံကော်မရှင်ရဲ့ (၈/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးက သိရပါတယ်။ အဲဒီ အစည်းအဝေးကိုတော့ စက်တင်ဘာလ (၃၀) ရက် မနက်ပိုင်းက နေပြည်တော်မှာပြုလုပ်ခဲ့တာပါ။

အစည်းအဝေးမှာ ဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေရဲ့ မတည်ငွေရင်း တိုးမြှင့်တာ အပါအဝင် စက်မှု ကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍနဲ့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍတွေက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် (၈)ခု ခွင့်ပြုပေးခဲ့တယ်လို့ သိရပါတယ်။
ခွင့်ပြုပေးခဲ့တဲ့လုပ်ငန်းတွေရဲ့ ရင်းနှီးမြှုပ်နှံ မှုပမာဏဟာ အမေရိကန်ဒေါ်လာ ၉ သန်းကျော်နဲ့ ငွေကျပ်သန်းပေါင်း ၄၆၀၀၀ ကျော်ဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၁၉၇၂ ယောက်အတွက် ဖန်တီးပေးနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၂၄ ခုနှစ် ဩဂုတ်လ ကုန်အထိ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့နိုင်ငံ၊ ဒေသပေါင်း ၅၃ ခု ရှိပြီး ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်တဲ့ နိုင်ငံ၊ ဒေသတွေကတော့ စင်ကာပူ၊ တရုတ်နဲ့ ထိုင်းနိုင်ငံတို့ ဖြစ်တယ်လို့ သိရပါတယ်။

image