4 d - Translate

တရုတ်အိုးပင်း ဆီမီးဖိုင်နယ်အဆင့်ကို ဆင်နာ တက်ရောက်
-----------------------
ကမ္ဘာ့အဆင့်-၁ အီတလီတင်းနစ်သမား ဆင်နာဟာ တရုတ်နိုင်ငံ ပေကျင်းမှာ ကျင်းပနေတဲ့ တရုတ်အိုးပင်းတင်းနစ် ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်ကို တက်သွားခဲ့ပါတယ်။ စက်တင်ဘာ ၃၀ ရက်နေ့က ယှဉ်ပြိုင်ခဲ့တဲ့ ကွာတားဖိုင်နယ်မှာ ဆင်နာဟာ ချက်တင်းနစ်သမား လီဟက်ကာနဲ့ ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး ဆင်နာအတွက် အခုပွဲစဉ်က လွယ်ကူတဲ့ ပွဲစဉ်တစ်ပွဲတော့ မဟုတ်ခဲ့တာကို တွေ့ရပါတယ်။

လီဟက်ကာဟာ အခုနှစ်ပြိုင်ပွဲမှာရရှိနေတဲ့ အကောင်းဆုံး လက်စွမ်းကို အခုပွဲစဉ်မှာလည်း ဆက်လက်ပြသ နိုင်ခဲ့ပြီး ဆင်နာကို အခက်တွေ့အောင် ကစားသွားနိုင်ခဲ့တာပါ။ ဒါ့ကြောင့်လည်း ဆင်နာဟာ အခုပွဲမှာ အနိုင် ရဖို့အတွက် ပွဲကစားချိန် ၂ နာရီးနီးပါးကြာမြင့်ခဲ့ပြီး (၆း၂၊၇း၆) ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် တရုတ်အိုးပင်းပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူခဲ့သလို အခုနှစ်ပြိုင်ပွဲမှာ ချန်ပီယံဆုကို ကာကွယ်ရမယ့် ဆင်နာဟာ ဆီမီးဖိုင်နယ်အဆင့်မှာ တရုတ်တင်းနစ်သမား ယန်ချော့ကီတီ (Yunchaokete)နဲ့ ဆက်လက်ယှဉ် ပြိုင်ရမှာ ဖြစ်ပါတယ်။ ကမ္ဘာ့အဆင့်-၉၆ မှာရပ်တည်နေတဲ့ ယန်ချော့ကီတီဟာ ကွာတားဖိုင်နယ်အဆင့်မှာ ရုရှားတင်းနစ်သမား ရူဘလက်ဗ်ကို အံ့အားသင့်ဖွယ်အနိုင်ရခဲ့ပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

image