၁၂ရာသီဖွားများအတွက်တစ်ပတ်စာဟောစာတမ်း Part(2)
7. Libra ( September 23-October 22)
ဒီရာသီဖွားတွေအနေနဲ့အခုရက်ပိုင်းမိမိစိတ်ကိုထိန်းချုပ်နေရသောသဘောရှိပါတယ်။အခက်အခဲများကြုံနေရသော်လည်းမိမိအတွက်သင့်တော်သောအခွင့်အရေးအသစ်များကောင်းမွန်သောသတင်းများကြားရတတ်ပါသည်။စီးပွားရေးနှင့်ငွေကြေးအသင့်အတင့်ရှိပြီးမိမိကြိုးစားသလောက်အကျိုးပေးပါလိမ့်မယ်။ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်သူများအပြောင်းအလဲတစ်ခုခုရှိနိုင်ပါတယ်။ပညာရေးတွင်လမ်းပျောက်နေတတ်သော်လည်းအတွေးအမြင်အသစ်များရရှိပြီးမိမိရှေ့ရေးအတွက်ကောင်းမွန်မည့်လမ်းကြောငးတစ်ခုပေါ်လာပါလိမ့်မယ်။ကျန်းမာရေးအနေဖြင့်ခါးအထက်ပိုင်းနှင့်အမြင်အာရုံဆိုင်ရာရောဂါများသတိပြုရပါမယ်။အချစ်ရေးနှင့်ပတ်သက်၍စကားများရတတ်ပြီးစိတ်ဖိစီးမှုများတတ်ပါတယ်။တစ်ဦးပေါ်တစ်ဦးအထင်လွဲမှားတတ်သည်ကိုသတိပြုရပါမယ်။
8. Scorpio ( October 23 – November 22 )
ဒီရာသီဖွားများအနေဖြင့် ယခုလကတ်တလော ကံဇာတာကောင်းမွန်နေပြီး မိမိလုပ်ကိုင်သော အလုပ်များမိမိလျှောက်သောလမ်းကြောင်းများတွင် အသာစီးရပါလိမ့်မယ်။ စီးပွါးရေးနှင့်ငွေကြေးကံသင့်တင့်မျှတမှုရှိနေပြီး မိမိ၏ဝင်ငွေထွက်ငွေကိုမိမိကိုယ်တိုင် ထိန်းညှိ၍စီမံနိုင်ပါက ပို၍အောင်မြင်နိုင်ပါလိမ့်မယ်။ ပညာရေးတွင် မိမိလျှောက်လိုသောလမ်းကိုရွေးချယ်ပါကရှေ့လျှောက်ပို၍အဆင်ပြေနိုင်ပါတယ်။ မိမိကိုယ်တိုင်စိတ်ပါဝင်စားသောလမ်းကြောင်းများကို ဦးစားပေးသင့်သောကာလဖြစ်ပါတယ်။ ကျန်းမာရေးကံကောင်းမွန်ပြီး မတော်တဆထိခိုက်မှုများနှင့် ရောဂါအခံရှိသူများသတိပြုရပါမယ်။ အချစ်ရေးတွင် တစ်ဖက်အပေါ်တစ်ဖက်ကအနိုင်ယူနေတတ်ပြီး လွှမ်းမိုးနိုင်တာတွေ့ရပါတယ်။ အချင်းချင်းသူ့ဖက်ကိုယ့်ဖက်တွေးပေးတတ်ရန်လိုအပ်ပါလိမ့်မယ်။
9. Sagittarius ( November 23 – December 21 )
ဒီရာသီဖွားများအနေနဲ့ စိတ်ခံစားလွယ်နေတတ်ပြီး အပြောင်းအလဲအတက်အကျများနေတတ်ပါမယ်။ စီးပွါးရေးနှင့်ငွေကြေးတွင် အမျိုးသမီးများငွေကြေးကံကောင်းနေတတ်ပြီး လုပ်ငန်းရှင်များအနေဖြင့် ပူးပေါင်းလုပ်ဆောင်မှုများလုပ်ဆောင်သင့်သောကာလဖြစ်သည်။ ပညာရေးကံကောင်းမွန်ပြီး တီထွင်ဆန်းသစ်မှုအားကောင်းနေသောကာလဖြစ်ပါတယ်။ ကျန်းမာရေးအနေနဲ့ အရိုးအဆစ်ဆိုင်ရာရောဂါများသတိပြုရပါမယ်။ အချစ်ရေးကံအသင့်အတင့်ရှိပြီး အချင်းချင်းစိတ်ခွန်အားပေးရန်လိုအပ်နေတတ်သောကြောင့် နားလည်မှုရှိပါကအဆင်ပြေနိုင်ပါလိမ့်မယ်။
10. Capricorn ( December 22 – January 19 )
ဒီရာသီဖွားများအနေဖြင့် ယခုလတ်တလောတွင် စိတ်အတက်အကျမြန်နေတတ်ပြီး မိမိကိုယ်အတွက် မျှတမှန်ကန်မှုများကို အလေးပေးနေပါလိမ့်မယ်။ စီးပွါးရေးနှင့်ငွေကြေးကံအသင့်အတင့်ရှိသော်လည်း ဝင်ငွေထွက်ငွေညီနေသောကြောင့် သုံးစွဲမှုကိုချင့်ချိန်ရပါလိမ့်မယ်။ လုပ်ငန်းရှင်များအနေနဲ့ အခြားသောလူမှုရေးဆိုင်ရာအရှုပ်အရှင်းများကြောင့် စိတ်ရှုပ်ရတတ်ပါတယ်။ ပညာရေးကံကောင်းမွန်ပြီး အုပ်စုဖွဲ့လုပ်ဆောင်ခြင်း မိတ်ဆွေသူငယ်ချင်းများထံမှ ကောင်းကျိုးရရှိခြင်းစသော ကောင်းမွန်မှုများနဲ့ကြုံတွေ့ရနိုင်ပါတယ်။ ကျန်းမာရေးအနေနဲ့ အာရုံကြောနှင့်ပတ်သက်သောရောဂါများ သတိပြုရပါမယ်။ အချစ်ရေးနှင့်ပတ်သက်၍ စိတ်အလိုမကျဖြစ်နေတတ်ပြီး သူ့ဘက်ကိုယ့်ဘက်အပြိုင်အဆိုင်တင်းမာမှုများဖြစ်နေတတ်သောကြောင့် မိမိစိတ်ခံစားချက်နှင့် ဦးနှောက်ကို မျှတစွာတွေးခေါ်ရန်လိုအပ်ပါလိမ့်မယ်။
11. Aquarius ( January 20 – February 19 )
ဒီရာသီဖွားများအနေနဲ့ လတ်တလောတွင်စိတ်ပိုင်းဆိုင်ရာပင်ပန်းရခြင်း မိမိစိတ်ကိုထိန်းချုပ်ရခက်ခြင်းများ ကြုံတွေ့ရနိုင်ပါတယ်။ စီးပွါးရေးကံအသင့်အတင့်ကောင်းမွန်ပြီး မိမိလုပ်ငန်းနှင့်ဆိုင်သော (သို့) ငွေကြေးနှင့်ပတ်သက်ပြီး စကားပြောရတတ်ပါတယ်။ မိမိရရှိသောဝင်ငွေထပ်လုပ်အားပိုရပါလိမ့်မယ်။ ပညာရေးတွင်အပြိုင်အဆိုင်ရှိတတ်ပြီး တွေးခေါ်မှုမှားယွင်းခြင်းကဲ့သို့သော အခက်အခဲများကြုံတွေ့ရနိုင်ပါတယ်။ ကျန်းမာရေးအနေနဲ့ ခါးအထက်ပိုင်းနှင့် အာရုံကြောဆိုင်ရာရောဂါများ သတိပြုရပါမယ်။ အချစ်ရေးတွင် ပြိုင်ဆိုင်သူများပြီး မထင်မှတ်ထားသော အကြောင်းအရာငယ်များနှင့် ပတ်သက်၍ငြင်းခုန်ရတတ်ပါတယ်။
12. Pisces ( February 20 – March 20 )
ဒီရာသီဖွားများနှင့်ပတ်သက်၍ လတ်တလောတွင် အတိုက်အခံများနေတတ်သော်လည်း ရင်ဆိုင်ဖြေရှင်းနိုင်ပါလိမ့်မယ်။ မိမိကိုယ်ကိုအတွက် ပို၍အချိန်ပေးသင့်သောကာလဖြစ်ပါတယ်။ စီးပွါးရေးနှင့်ငွေကြေးကံအတက်အကျများပြီး မထင်မှတ်သောအခါများတွင် ဝင်ငွေရရှိတတ်သော်လည်း တခါတရံမိမိအားထုတ်သလောက်မဖြစ်ထွန်းနိုင်သော အရာများလည်းရှိတတ်ပါတယ်။ ပညာရေးကံကောင်းမွန်ပြီး အခွင့်အရေးကောင်းများရရှိနိုင်ပါတယ်။ သို့ရာတွင် မိမိစိတ်အာရုံပြန့်လွင့်ခြင်း၊ မပြတ်သားခြင်း၊ အတွေးများခြင်းတို့ကြောင့် အခက်အခဲကြုံရတတ်ပါတယ်။ ကျန်းမာရေးအနေဖြင့် ကောင်းမွန်ပြီး မတော်တဆထိခိုက်ရှနာမျိုး သတိပြုရန်လိုပါလိမ့်မယ်။ ရောဂါအခံရှိသူများက မျက်စိနှင့် အရိုးအဆစ်ကိုက်ခဲခြင်းကို ဂရုစိုက်ရပါမယ်။ အချစ်ရေးတွင်ကံအသင့်အတင့်ကောင်းမွန်ပြီး မိမိ၏မာနကြောင့် နားလည်မှုလွဲခြင်း၊ စကားများခြင်းများ ဖြစ်တတ်သည်ကို သတိပြုရပါမယ်။
#tarotqueen