4 d - Translate

ပဲကြာဇံသုတ်

ပဲကြာဇံ ၁၀ကျပ်သား
အားလူး ၃လုံး(ပြုတ်ထားပါ)
ကြက်သွန်ဖြူ ၄မွှာ(နုတ်နုတ်စင်း)
ငရုတ်သီးစိမ်း ၅တောင့်( ။ )အစပ်ကြိုက်ပိုထည့်ပါ။
နံနံပင် ၁၅ပင်ခန့်( ။ )
ပုစွန်ခြောက် ၁၅ကောင်ခန့်(ထောင်းထားပါ)
မြေပဲ အနည်းငယ် ( ။ )
သံပုရာသီး ။
မျှင်ငပိ ။ (မီးကင်ထားပါ)
ငံပြာရည် ။

ပဲကြာဇံကိုပြုတ်ပါ။ရလျှင်ရေဆေးရေစစ်ထားပါ။ကြက်သွန်ဖြူငရုတ်သီးစိမ်း၊နံနံပင်၊ငပိ၊အားလူး၊ပုစွန်ခြောက်၊မြေပဲ၊ငရုတ်ဆီချက်(ငရုတ်ပုထောင်း(အစိမ်းမှုန့်)ကိုဆီချက်ထားပါ။)အားလုံးအဆင်သင့်ဖြစ်လျှင်ရောထည့်၍ငံပြာရည်၊မကျည်းရည်၊သံပုရာရည်ထည့်၍ရောနယ်ကာရပါပြီရှင်။အချိုမှုန့် ကြက်သားမှုန့်သုံးလျှင်ထည့်ပါ။

image