4 d - Translate

ဟာရီကိန်းမုန်တိုင်းဒဏ်ပြင်းထန်၍ ဆက်လက်ကူညီပေးရန် ဘိုင်ဒန်ကတိပြု
-------------------------
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဟာရီကိန်းဟယ်လန် တိုက်ခတ်ပြီး ကျန်ရစ်ခဲ့တဲ့ နိုင်ငံအရှေ့ တောင်ဘက် အခြေအနေဟာ အဆိုးရွားဆုံးဖြစ်လို့ အသက်ရှင်ကျန်ရစ်သူတွေကို အချိန်ကြာနိုင်သမျှကြာကြာ ကူညီသွားဖို့ ကတိပြုလိုက်ပါတယ်။ ပြည်နယ်အများအပြားမှာ ပြန်လည်ထူထောင်ရေးလုပ်ဆောင်ရာမှာ ကွန်ဂရက် လွှတ်တော် ရဲ့ အကူအညီ လိုအပ်နိုင်တယ်လို့လည်း ဘိုင်ဒန်က ဝန်ခံခဲ့ပါတယ်။

ရေစနစ်၊ ဆက်သွယ်ရေးနဲ့ အရေးပါတဲ့ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေ ထိခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးမှု ခန့်မှန်းခြေ ဒေါ်လာ ၁၅ ဘီလီယံကနေ ဒေါ်လာ ၁၀၀ ဘီလီယံကျော်အထိ ရှိမယ်လို့ ကျွမ်းကျင်သူတွေက ပြောပါ တယ်။ အိမ်ဖြူတော်ကနေ တနင်္လာနေ့ မနက်က ဘိုင်ဒန် မှတ်ချက်ပေးရာမှာ ထောက်ပံ့ပို့ဆောင်ရေးကိစ္စ ဖြေရှင်း နိုင်ရင် ဗုဒ္ဓဟူး ဒါမှမဟုတ် ကြာသပတေး နေ့မှာ မုန်တိုင်းဒဏ်ခံဒေသတွေကို သွားရောက်နိုင်ဖို့ မျော်လင့်ထား ကြောင်းလည်း ပြောပါတယ်။

ဖလော်ရီဒါ ပြည်နယ်မြောက်ပိုင်းကို ရွေ့လျားခဲ့တဲ့ ဟာရီကိန်း ဟယ်လန်ကြောင့် သေဆုံးသူ ၆၀၀ လောက်အထိ ရှိနိုင်တယ်လို့ အမိမြေလုံခြုံရေးအကြံပေး လစ်ဇ်ရှားဝုဒ်ရန်ဒါလ်က ပြောပါတယ်။ ကာရိုလိုင်းနား၊ ဂျော်ဂျီယာ၊ ဖလော်ရီဒါ၊ တန်နက်ဆီနဲ့ ဗာဂျီးနီးယားပြည်နယ်တွေမှာ သေဆုံးသူဦးရေ ၁၀၀ ကျော်ရှိတာကို လတ်တလော အတည်ပြုနိုင်ပြီး အလောင်းတွေ ထပ်မံတွေ့ရှိမှာ စိုးရိမ်နေကြပါတယ်။ ဖက်ဒရယ်အစိုးရဟာ မုန်တိုင်းဒဏ်သင့် ဒေသကို ကူညီဖို့ လုံလောက်စွာ မလုပ်ဆောင်နိုင်ဘူးလို့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ရဲ့ မှတ်ချက်အပေါ် ဒေါသ ထွက်မိပြီး ထရမ့်လိမ်နေတယ်လို့ ဘိုင်ဒန်က ပြောပါတယ်။

image