Khine Su Zin shared a post  
4 d

4 d

၁၂ရာသီဖွားများအတွက် တစ်ပတ်စာဟောစာတမ်း Part(1)

1. Aries ( March 21-April 2
ဒီရာသီဖွားတွေအနေနဲ့က အခွင့်အရေးများ အပြောင်းအလဲများ နဲ့ ကြုံရတတ်ပါတယ်။အလုပ်အကိုင်အသစ်များ အသစ်အသစ်သောစတင်မှုများပြုလုပ်ရန်ကောင်းသောကာလဖြစ်ပါတယ်။စီးပွားရေးနှင့်ငွေကြေးအသင့်အတင့်ကောင်းမွန်ပြီး အခက်အခဲများရှိပါက စတင်ပြေလည်လာနိုင်ပါတယ်။ ပညာရေးတွင် မိမိရယူသင့်သောရရှိသင့်သောအခွင့်အရေးများပေါ်လာတတ်ပါတယ်။ ကျန်းမာရေးအနေဖြင့်အအေးမိခြင်း ကိုယ်လက်ကိုက်ခဲခြင်းများအပြင် ခြေလျော်လက်လျော်ဖြစ်တတ်ပါတယ်။ အချစ်ရေးကံအနေဖြင့် ပျော်ရွှင်စရာများကြုံရတတ်ပြီး အဆင်ပြေနေပါလိမ့်မယ်။ သို့သော် မိမိ‌ပြောသောစကားများကို သတိထားရန်လိုအပ်ပါတယ်။

2. Taurus (April 21 - May 2
ဒီရာသီဖွားများအနေဖြင့် လတ်တလောတွင်အတွေးများနေတတ်ပြီးစိတ်ဓာတ်ကျတတ်သောသဘောတွေ့ရတတ်ပါတယ်။စီးပွားရေးနှင့်‌ငွေကြေးပိုင်းတွင်ကြပ်တည်းနေနိုင်သော်လည်းကာလတိုသာဖြစ်၍ပြေလည်လာပါလိမ့်မည်။ပညာရေးပိုင်းတွင်အသင့်အတင်ရှိပြီးစိတ်အာရုံစူးစိုက်မှု အားနည်းနေတတ်ပါတယ်။ကျန်းမာရေးအနေဖြင့် စိတ်နှင့်ဉီးခေါင်းပိုင်းဆိုင်ရာများကိုအထူးသတိထားရပါမယ်။သွေးအားနည်းခြင်းကိုလည်း သတိထားရန်လိုအပ်ပါတယ်။ အချစ်ရေးကံအနေဖြင့်အနှောက့်အယှက်များပြီးစိတ်ခံစားလွယ်နေတတ်ပါတယ်။အချင်းချင်းပြောဆိုဆက်ဆံရာတွင်သတိထား၍ပြောဆိုရန်လိုအပ်ပါလိမ့်မယ်။

3. Gemini (May 21-June 2
ဒီရာသီဖွားတွေအနေနဲ့လေ့လာသင်ယူမှုပြုစရာ ပညားဗဟုသုတအသစ်များ အသိအမြင်အသစ်များရရှိလာပါလိမ့်မည်။စီးပွားရေးနှင့်‌ငွေကြေးကံ အဆင်ပြေကောင်းမွန်ပြီး ပုံမှန်ဝင်ငွေများရရှိပါလိမ့်မယ်။ငွေအဝင်အထွက်မျှနေတတ်သောကြောင့် မိမိငွေကြေးစီမံမှုချင့်ချိန်တတ်ဖို့လိုပါမယ်။ပညာရေးကံအထူးကောင်းမွန်သောကာလဖြစ်ပြီးပညာအသစ်များဆည်းပူးလေ့လာရန်သင့်သောကာလဖြစ်ပါတယ်။ကျန်းမာရေးအနေဖြင့်ခါးအထက်ပိုင်းဆိုင်ရာရောဂါများသတိပြုရန်လိုအပ်ပါမယ်။အချစ်ရေးမှာတော့ မိမိခေါင်းမာမှုကြောင့်စကားများရတတ်ပါတယ်။စိတ်အတက်အကျများနေတတ်သောကြောင့်မိမိစိတ်ကိုထိန်းချုပ်နိုင်ရန်လိုအပ်ပါလိမ့်မယ်။

4. Cancer (June 21-July 22)
ဒီရာသီဖွားတွေအနေနဲ့အခုရက်ပိုင်းမှာအကြံအဉာဏ်အသစ်များသတင်းထူးများအကြောင်းကြားချက်များလက်ခံရရှိတတ်ပါသည်။စီးပွားရေးနှင့်ငွေကြေးအသင့်အတင့်ရှိပြီးမိမိအားစိုက်ထုတ်သလောက်အကျိုးခံစားရတတ်ပါသည်။ပညာရေးပိုင်းဆိုင်ရာအတွေးအမြင်အသစ်များရရှိတတ်ပြီးတီထွင်ဖန်တီးမှုဉာဏ်အားကောင်းသောကာလဖြစ်ပါတယ်။ကျန်းမာရေးအနေနဲ့ကိုယ်လက်ကိုက်ခဲခြင်းနှင့်ခါးအောက်ပိုင်းဆိုင်ရာရောဂါများသတိပြုဖို့လိုပါလိမ့်မယ်။အချစ်ရေးကံအသင့်အတင့်ရှိပြီးကာလတိုအတွင်းပျော်ရွှင်မှုသာယာမှုများခံစားရပါလိမ့်မယ်။စိတ်အတက်အကျများနေတတ်သောကြောင့်စိတ်ခံစားလွယ်ပြီး စကားများရတတ်ပါတယ်။

5. Leo (July 23-August 22)
ဒီရာသီဖွားတွေအနေနဲ့တွေးမိတွေးရာတွေးနေတတ်ပြီးစိတ်အာရုံစူးစိုက်မှုအားနည်းနေပါလိမ့်မယ်။စီးပွားရေးနှင့်‌ငွေကြေးကံကောင်းမွန်သော်လည်းလိမ်လည်းလှည့်ဖြားခံရခြင်းဆုံးဖြတ်ချက်မှားခြင်းစသည်တို့နှင့်ပတ်သက်၍သတိထားရန်လိုပါလိမ့်မယ်။ပညာရေးတွင်မိမိလျောက်နေသောလမ်းနှင့်မိမိအတွက်သင့်တော်သောလမ်းကိုက်ညီမှု မရှိဖြစ်တတ်ပါတယ်။ကျန်မာရေးကောင်းမွန်ပြီးစိတ်ခံစားချက်နှင့်အာရုံကြောပိုင်းဆိုင်ရာရောဂါများသတိပြုရပါမယ်။အချစ်ရေးမှာသင့်တင့်သောကံရှိသော်လည်းမိမိ၏စိတ်လိုက်မာန်ပါပြောဆိုခြင်းတဇွတ်ထိုးဆန်ခြင်းတို့ကြောင့်မဖြစ်သင့်သောပြသနာများကြုံလာရတတ်ပါတယ်။

6. Virgo (August 23-September 22)
ဒီရာသီဖွားတွေအနေနဲ့အခုလတ်တလောမှာရွေးချယ်စရာများနေတတ်ပါတယ်။ဆုံးဖြတ်ချက်ချရန်ခက်ခဲနေတတ်ပြီးမိမိ၏ရှေ့ရေးနှင့် ပတ်သက်၍လမ်းပျောက်နေတတ်ပါတယ်။စီးပွားရေးနှင့်ငွေကြေးအသင့်အတင့်ရှိပြီးရွေးချယ်မှုတစ်ခုနှင့်တစ်ခုကြားသတိပြုရန်လိုပါလိမ့်မယ်။ငွေကြေးနှင့်ပတ်သက်၍စကားပြောရသည့်အခါညှိနှိုင်းမှုများပြုလုပ်ရပါလိမ့်မယ်။ပညာရေးတွင်နိုင်ငံခြားကံကောင်းမွန်ပြီးရွေးချယ်စရာများတတ်သော်လည်းဆုံးဖြတ်ချက်မှားတတ်သောကြောင့်သတိပြုရန်လိုအပ်ပါတယ်။ကျန်းမာရေးတွင်မျက်စိနှင့်အာရုံကြောဆိုင်ရာရောဂါများဖြင့်ပတ်သက်၍သတိပြုရပါမယ်။အချစ်ရေးတွင်အဖက်ဖက်ကပြိုင်ဘက်ပေါ်လာတတ်ပြီးရှေ့ဆက်ရန်တွေဝေနေတတ်ပါတယ်။စိတ်ဖီးစီးမှုများနေတတ်သောကြောင့်ဆုံးဖြတ်ချက်များမမှားယွင်းစေရန်သတိပြုရပါလိမ့်မယ်။

#tarotqueen