4 d - Translate

Skin barrier ကောင်းမွန်ပြီး အသားအရေကို ကြည်တင်းနုပျိုစေမယ့် တန်ဖိုးကြီး Essence👑

Toner နဲ့ Essence ယှဉ်လာရင် Essence ကိုရွေးပါလို့ Nyi တလောကပဲ ပြောခဲ့တယ်နော်။ စျေးကွက်ထဲမှာ toner ကို water လို့တပ်လို့တပ်၊ serum texture နဲ့ကို essence လို့နာမည်ပေးသူကပေး အဲ့လိုမျိုးအုတ်ရောရော ကျောက်ရောရော products တွေကြောင့် တကယ့် Essence စစ်စစ်တွေရဲ့ role က နဲနဲပျောက်နေတယ်လို့ Nyi တော့ခံစားရတယ်။ အထူးသဖြင့် သူများနိုင်ငံတွေမှာ အရမ်းသုံးကြတဲ့ 1st treatment essence ဆိုတာကို ဒီမှာသုံးတဲ့သူက ခပ်ရှားရှားပဲ။ သုံးဖို့မလိုဘူးလို့ ထင်တာကြောင့်လဲ နေမှာပေါ့နော်။ Nyi ကတော့ အမြဲပြောနေကျလိုပဲ၊ Essence သည်လဲ vital step ထဲမပါတာကြောင့် မဖြစ်မနေသုံးဖို့တော့မလိုအပ်ဘူး ဒါပေမဲ့ သုံးပေးနိုင်ရင် သူ့ပေးရတဲ့စျေးနဲ့တန်အောင် effect ပြန်ရတဲ့ထဲပါပါတယ်။ ပစ္စည်းကောင်းကောင်း luxury ဆန်ဆန် သုံးချင်တဲ့သူတွေအတွက် Nyi ဒီနေ့တလကြာစမ်းထားတဲ့ Essence လေး ပြောပြပါမယ်နော် 'This’s from ViHo'.

သူများထက် တကွက်ကြိုမြင်တာ ViHo ရဲ့အားသာချက်ပဲ။ Treatment Essence ဆိုရင် Local ထဲကမပြောနဲ့၊ ဒီကိုသွင်းတဲ့ Korea, US skincare တွေမှာတောင် လည်ရှာလို့မတွေ့ပါဘူး။ သုံးချင်ရင် တကူးတက preorder မှာရမှာနဲ့ ငွေသိန်းဂဏန်းကျမယ်ပေါ့နော်။ အဲ့အစား Quality အမိုက်စားနဲ့ ထွက်လာပေးတဲ့ ViHo ကို Nyi ကတကယ်ကျေးဇူးတင်မိတယ်။ သူတို့ ဒါကိုထုတ်ဖို့အတွက် အချိန်အကြာကြီးယူထားတယ်လို့ သိရပါတယ်။ Youth Infinity series ထဲကဖြစ်ပြီး Glass bottle နဲ့မလို့ အမြင်ရော အထိအတွေ့ကပါ luxury ဆန်တယ်။

ပါဝင်ပစ္စည်းဆိုရင် သူ့မှာအဓိကအသုံးပြုထားတာ Saccharomyces ferment, Glycerin, Niacinamide, Sodium hyaluronate, Beta-Glucan, Adenosine တို့၊ စုစုပေါင်းမှ 14မျိုးပဲပါဝင်တယ်။ များများပါလေ မတည့်တဲ့ပါဝင်ပစ္စည်းနဲ့တွေ့ဖို့ အခွင့်အရေးပိုများလေဖြစ်လို့ Nyi ကတော့ ခုလို minimalist ဖြစ်တာမျိုး ပိုကြိုက်ပါတယ်။ နောက်ထပ်သဘောကျစရာက သူ့မှာ Alcohol, Fragrance နဲ့ Essential oil တွေလဲမပါလို့ sensitive skin တွေကအစ သုံးနိုင်တာကိုပဲ။ Saccharomyces ferment က skin ကို soft & brighten ဖြစ်ပြီး barrier ကောင်းမွန်စေတယ်။ Niacinamide ကတော့ အားလုံးအသိ ဘက်စုံဆရာကြီး၊ ကျန် ingredients တွေက hydration ပေးမယ်ပေါ့နော်။

သူ့ texture က very watery & runny, exactly like water! စေးကပ်ခြင်းမရှိဘဲ လိမ်းလိုက်ရင် ချက်ချင်းဆိုသလို စိမ့်ဝင်တယ်။ ရေဓာတ်ပေးတဲ့ပမာဏကတော့ texture ပေါ့ပါးတဲ့ hydrating toner တခုလောက်ပေါ့နော်။ စိုစိုအိအိလေးဖြစ်စေတယ်၊ အသားခြောက်ရင်တော့ သူနဲ့တင်မလုံလောက်ပါဘူး။ Nyi သတိထားမိသလောက် သူ့ကိုလိမ်းတဲ့အခါ skincare step တွေအားလုံးအပြီး finish က ပို smooth ဖြစ်သွားတယ်၊ firm ဖြစ်နေတယ်။

Brightening effect ကတော့ သူက 3ပတ်ကျော်မှာ စသိသာပါတယ်။ နောက်ထပ် ညဘက် double cleansing လုပ်ပြီးတဲ့အခါ အသားအရေကပိုအိပြီး နူးညံ့နေစေတာပါပဲ။ သုံးကောင်းကောင်းနဲ့ ခုဆို ဗူးတဝက်ကျိုးနေပြီပေါ့နော်။ Nyi တော့ မနက်ညမျက်နှာသစ်ပြီးတာနဲ့ သူ့ကိုအရင်ဆုံးပုတ်လိမ်းလိုက်တယ်။ ပြီးမှ ကျန်တာဆက်လိမ်းပါတယ်။ ဘာအနံ့မှမပါတော့ သုံးရတာပို safe ဖြစ်သလို ခံစားရတယ်။ Barrier ပိုကောင်းလာလို့ အဖုထွက်တာတွေလဲ လျော့သွားတယ်ပေါ့နော်။ Skin ကကြည်တင်းလာတော့ ချွေးပေါက်တွေပါ less noticeable ဖြစ်သွားသလိုပဲ။

အချုပ်ဆိုရရင် ဒီ ViHo Bio-Ferment Conditioning Treatment Intensive Essence ကို All skin types သုံးဖို့ Nyi ညွှန်းပါတယ်။ ထိပ်စီးမှာပြောသလို အသားအရေကြည်လင်တင်းရင်းချင်တဲ့သူ၊ skin barrier ကောင်းချင်တဲ့သူ၊ အသားအရေကြမ်းတမ်းနေတဲ့သူတွေ သုံးပါနော်။ တခုပဲ၊ ဝက်ခြံအဆီဖုအရမ်းများနေရင်တော့ မသုံးစေချင်သေးပါဘူးဗျ။

စျေးနှုန်းအားဖြင့် ဒီ ViHo essence က 100ml ကို 7သောင်းကျော်ရှိပါတယ်။ စိတ်ဝင်စားလို့ ဝယ်ချင်တယ်ဆိုရင် 🛒 ViHo , Klarity Myanmar ကနေ မှာယူနိုင်ပါတယ်ခင်ဗျာ။
Disclaimer : Collab with ViHo

#viho #vihotreatmentessence
#reviewbynyi #nyipick #nyipickessence
#crd

image
image
image