5 d - Translate

မိကျောင်း သားရေ၊ ၂၄ ကာရက် ရွှေနဲ့ အလှဆင်ထားတဲ့ ဒေါ်လာ ၁၄,၀၀၀ တန် Huawei Mate XT Ultimate
=============================================================

Huawei က ပြီးခဲ့တဲ့လမှာ ကမ္ဘာ့ ပထမဆုံး ၃ ခေါက်ချိုးဖုန်းကို ကြေညာခဲ့ပါတယ်။ အခုတော့ နာမည်ကြီး ဖုန်းတွေကို ရွှေ၊ ကျောက်မျက်ရတနာတွေနဲ့ အလှဆင် ရောင်းချတဲ့ Caviar က အဲဒီဖုန်းအတွက် အထူးထုတ် မော်ဒယ်တွေကို ကြေညာလိုက်ပါတယ်။

Caviar က အဲဒီဖုန်းအတွက် Black Dragon နဲ့ Gold Dragon မော်ဒယ် ၂ မျိုးထုတ်လုပ်ထားပါတယ်။

Black Dragon မှာ မိကျောင်းသားရေ၊ ရွှေတွေနဲ့ အလှဆင်ထားပါတယ်။ တရုတ် ဒဏ္ဍာရီမှ Xuanlong Dragon ရဲ့ အရေခွံနဲ့ တူညီအောင် မိကျောင်းသားရေကို အသုံးပြုထားတာ ဖြစ်ပါတယ်။

Gold Dragon မှာ ၂၄ ကာရက် ရွှေပြားတွေကို အသုံးပြုထားပါတယ်။

Caviar က တရုတ်မှာ ကံကောင်းတဲ့ နံပါတ်လို့ ယူဆကြတဲ့ ၈၈ ကို ရယူပြီး အဲဒီ ဖုန်းတွေကို ၈၈ လုံးစီပဲ ထုတ်လုပ်ရောင်းချမှာ ဖြစ်ပါတယ်။

မော်ဒယ် ၂ ခုစလုံးအတွက် 256GB , 512GB နဲ့ 1TB Storage ထုတ်လုပ်ထားပါတယ်။ Black Dragon ကို ဒေါ်လာ ၁၂,၇၇၀ ၊ ၁၃,၂၀၀ နဲ့ ၁၄,၆၃၀ အသီးသီးသတ်မှတ်ထားပါတယ်။ Gold Dragon ဟာ ဒေါ်လာ ၁၄,၅၀၀ ၊ ၁၄,၉၃၀ နဲ့ ၁၅,၃၆၀ အသီးသီး တန်ကြေးရှိပါတယ်။

image