5 d - Translate

ကလပ်ကမ္ဘာ့ဖလားအတွက် အင်ဖန်တီနို စိတ်လှုပ်ရှား
-----------------
(၂၀၂၅)ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်နိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပမယ့်အပေါ် စိတ်လှုပ်ရှားမိတယ်လို့ ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုက ပြောကြားလိုက်ပါတယ်။ ပုံစံသစ်ပြောင်းလဲလိုက်တာကြောင့် ပြိုင်ပွဲဝင်အသင်းပေါင်း (၃၂)သင်းအထိ ကစားသွားကြမယ့် (၂၀၂၅)ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရခဲ့တာပါ။

အမေရိကန်နိုင်ငံမှာရှိတဲ့ ဘောလုံးကွင်းတွေက ပရိသတ်တွေရဲ့စိတ်ကို ဖမ်းစားနိုင်မှာ သေချာသလို ပရိသတ်တွေ အနေနဲ့လည်း ဘောလုံးကွင်းအတွင်း စိတ်လှုပ်ရှားမှု အပြည့်အဝ ရမှာဖြစ်တာကြောင့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို လာရောက်အားပေးကြဖို့အတွက် အင်ဖန်တီနိုက ဖိတ်ခေါ်တယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

(၂၀၂၅)ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဉ်ကို နယူးဂျာစီအသင်းရဲ့ အိမ်ကွင်းမှာ ကျင်းပသွားမှာ ဖြစ်တယ်လို့ လည်း အင်ဖန်တီနိုက တရားဝင် အတည်ပြုခဲ့ပါတယ်။ အမေရိကန်နိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပမယ့် လာမယ့် (၂၀၂၅)ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ဇွန်လ(၁၅)ရက်နေ့က စတင်ကာ ဇူလိုင်လ(၁၃)ရက်နေ့အထိ ကျင်းပသွားမှာ လည်း ဖြစ်ပါတယ်။

image