5 d - Translate

ရေဘေးကြောင့် ယာယီပိတ်ထားရသည့် ကျောင်းများပြန်လည်ဖွင့်လှစ်
-----------------------------
နေပြည်တော် ပြည်ထောင်စုနယ်မြေနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်တွေမှာ ရေဘေးကြောင့် ကျောင်းတွေ ယာယီ ပိတ်ထားခဲ့ရပြီး စက်တင်ဘာလ(၃၀)ရက်မှာ ကျောင်းတွေအားလုံး ပြန်လည်ဖွင့်လှစ်နိုင်တော့မှာ ဖြစ်တယ်လို့ နေပြည်တော် ပညာရေးမှူရုံးမှ သိရပါတယ်။

ပြီးခဲ့တဲ့ ရေကြီးရေလျှံမှုကြောင့် နေပြည်တော်ကောင်စီနယ်မြေ အတွင်းမှာ အခြေခံပညာ ကျောင်းပေါင်း (၁၆၉) ကျောင်း ယာယီပိတ်ထားခဲ့ရတာပါ။ အဲဒီပိတ်ထားခဲ့ရတဲ့ ကျောင်း တွေထဲမှာ (၁၆၄)ကျောင်းက ပြန်လည်ဖွင့် လှစ်ကာ ပညာသင်ကြားနေကြပြီး ကျန်ရှိနေတဲ့ အခြေခံပညာကျောင်း (၅)ကျောင်းကတော့ စက်တင်ဘာ(၃၀) ရက်မှာ ပြန်လည်ဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အောက်တိုဘာလမှာ ကျင်းပမယ့် ပထမနှစ်ဝက်စာမေးပွဲတွေကိုလည်း ပုံမှန်အတိုင်း ဖြေဆိုနိုင်ဖို့ စီစဉ် ဆောင်ရွက်နေပြီး ရေဘေးသင့် ခံခဲ့ရတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် စာအုပ်စာတမ်းတွေနဲ့ စာရေး ကိရိယာတွေကို ထောက်ပံ့ပေးအပ် ထားတယ်လို့ နေပြည်တော် ပညာရေးမှူရုံးက သိရပါတယ်။

image