5 d - Translate

စားအုန်းဆီရည်ညွှန်းဈေး ကျဆင်းလာ
------------------
ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့တဲ့ နိုင်ငံတွေမှာ ဈေးကွက်နဲ့ ဈေးနှုန်းဖြစ်ပေါ်မှုတွေအရ စက်တင်ဘာလ ၃၀ ရက်ကနေ အောက်တိုဘာလ ၆ ရက်အထိ ရန်ကုန်အထိုင်ဈေး လက်ကားရည်ညွှန်းဈေးအဖြစ် စားအုန်းဆီ တစ် ပိဿာကို ၆၇၂၀ ကျပ်သတ်မှတ်ထားတယ်လို့ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန် ကြီးကြပ်ရေး ကော်မတီက ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ အပတ်ကတော့ ရန်ကုန်အထိုင်ဈေး လက်ကားရည်ညွှန်းဈေးဟာ တစ်ပိဿာကို ၆၈၅၀ ကျပ်သတ်မှတ်ခဲ့တဲ့အတွက် အခုအပတ်ဈေးနှုန်းနဲ့ နှိုင်းယှဉ်ရင် ၁၃၀ ကျပ် ဈေးကျဆင်းသွား တာ ဖြစ်ပါတယ်။

စားအုန်းဆီရည်ညွှန်းဈေးတွေကို စားအုန်းဆီအဓိကထုတ်လုပ်တင်ပို့တဲ့ မလေးရှားနိုင်ငံမှာဖြစ်ပေါ်နေတဲ့ ဈေးနှုန်း တွေကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်တွေ၊ ဘဏ်စရိတ်တွေ၊ အခွန်အခတွေ ထည့်သွင်း တွက်ချက်ပြီး ပြည်တွင်းဈေးကွက်မှာ ရောင်းဝယ်ရမယ့် အခြေခံလက်ကား ရည်ညွှန်းဈေးတွေကို ထုတ်ပြန်ပေးနေ တာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြည်တွင်းဈေးကွက်ထဲမှာ စားအုန်းဆီကို ဈေးကစားဖို့ ရည်ရွယ်ချက်နဲ့ သိုလှောင်တာ၊ ဈေးနှုန်းမြှင့်တင် ရောင်းချတာ နဲ့ မသမာတဲ့လုပ်ဆောင်မှုတွေ ပြုလုပ်ရင် အရေးကြီးကုန်စည် နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။

image