5 d - Translate

မန်ယူအသင်းတွင် ဘဏ္ဍာရေးနှင့် အခြားကန့်သတ်ချက်များရှိနေဟု နည်းပြတန်ဟတ်ဂ်ပြော
မန်ယူအသင်းမှာ ဘဏ္ဍာရေးဆိုင်ရာနဲ့ တခြားကန့်သတ်ချက်တွေကြောင့် တိုးတက်သင့်သလောက် တိုးတက်မှု ရှိမလာခဲ့ကြောင်း နည်းပြတန်ဟတ်ဂ်က ပြောသွားပါတယ်။

ယူနိုက်တက်ဟာ တနင်္ဂနွေနေ့က ကစားသွားတဲ့ စပါးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းခေါင်းဆောင် ဖာနန်ဒက်စ် ထုတ်ပယ်ခံခဲ့ရပြီး ၃ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

အသင်းရဲ့သမိုင်းကြောင်း ကြီးမားတာကြောင့် ပရိသတ်တွေရဲ့ ဖွင့်ဟချက်တွေအပေါ် နားလည်နိုင်ကြောင်း၊ ဘဏ္ဍာရေးနဲ့ တခြားကန့်သတ်ချက်တွေကြောင့် လူငယ်တွေကို ရွေးချယ်ခဲ့ရပြီး ထိပ်တန်းအဆင့်စွမ်းဆောင်ရည်ရဖို့ သိပ်ပြီးမမျှော်လင့်နိုင်ကြောင်း နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။

လူငယ်တွေကို တိုးတက်မှုရှိလာဖို့ လုပ်ဆောင်သွားရမှာဖြစ်သလို အောင်မြင်မှုရနိုင်ဖို့ တည်ငြိမ်တဲ့ စွမ်းဆောင်ရည်ရှိတဲ့ အသင်းတသင်း တည်ဆောက်သွားဖို့လည်း လိုအပ်ကြောင်း နည်းပြတန်ဟတ်ဂ်က ပြောသွားပါတယ်။
DVB

image