နေ့စဉ် မိမိကိုယ်မိမိ နှင့် ကိုယ်စောင့်နတ်ကို မေတ္တာပို့ပါ။

“ အရှင်ဘုရား တပည့်တော်သည် ဘဝအဆက်ဆက် ဘဝအဖုံဖုံမှ ယခုဘဝ ယခုအချိန်ထိ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ၊ ခင်ပွန်းကြီး (၁ဝ) ပါးနှင့် ပြစ်မှား ထိုက်သော သူတို့ကို ကာယကံ၊ ဝစီကံ၊ မနောကံ တို့မှ တစ်ပါးပါးသော ကံတို့ဖြင့် ပြုလုပ်ခဲ့သော
ကောင်းမှု ကံ စေတနာ ပါရမီအရှိန်အဟုန်တို့သည် ယခုဘဝ ယခုအချိန်တွင် ခံစားရပြီး ဖြစ်ပေါ်နေသော ဒုက္ခ ဝဋ်ဆင်းရဲများမှလည်း ကင်းစင်ပပျောက်ရပါလို၏။

ကျွန်ုပ်ခန္ဓာနှင့် ကျွန်ုပ်ကိုယ်စောင့်နတ်လည်း ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ဒေါသခပ်သိမ်း ကင်းငြိမ်းပါစေ၊ ဆင်းရဲ ခပ်သိမ်း ကင်းငြိမ်းပါစေ၊ နှလုံးစိတ်ဝမ်းအေးချမ်းပါစေ။

မကောင်းသောစိတ်၊ မကောင်းသော အကြံအစည်၊ မကောင်းသော ပတ်ဝန်းကျင်၊ မကောင်းသော မိတ်ဆွေယုတ်များနှင့် မကောင်းသော အိပ်မက်ဆိုးများမှလည်း ကင်းဝေးပါစေ။

သူတော်ကောင်း တရားနှင့်အညီ နေနိုင်၊ သွားနိုင်၊ စားနိုင်၊ အိပ်စက်နိုင်ပါစေ။

#ဓမ္မဒါန
#frankiestories

image