5 d - Translate

အိမ်ခြံမြေဈေးကွက် အရောင်းအဝယ်အေးနေ
------------------------
မြန်မာနိုင်ငံရဲ့အိမ်ခြံမြေဈေးကွက်အခြေအနေ အေးနေတယ်လို့ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း (ဗဟို) ဥက္ကဋ္ဌ ဒေါ်မို့မို့အောင်က ပြောပါတယ်။ စက်တင်ဘာ ၂၈ ရက်က ဆီဒိုးနားဟိုတယ်မှာ ကျင်းပပြုလုပ်တဲ့ မြန်မာ နိုင်ငံအိမ်ခြံမြေ ဝန်ဆောင်မှုအသင်း(ဗဟို) နှစ်ပတ်လည် အထွေထွေအစည်းအဝေးနဲ့ အသင်းသားစုံညီ အစည်း အဝေးမှာ One News သတင်းဌာနရဲ့ မေးမြန်းမှုအပေါ် ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

အခုအချိန်ကာလမှာ ရာသီ ဥတုပြောင်းလဲမှုဖြစ်စဉ်တွေကြောင့် ရေကြီးနစ်မြုပ်မှုတွေ ဖြစ်နေတဲ့အတွက် အိမ်ခြံ မြေဈေးကွက်ကို စောင့်ကြည့်ရမယ်လို့ ဒေါ်မို့မို့အောင်က ပြောပါတယ်။ အရင်တုန်းက အိမ်ခြံမြေ အရောင်းအဝယ် လိုက်ပေမဲ့ အခုနောက်ပိုင်း အရောင်းအဝယ်အေးနေပြီး ကျပ်သိန်း တစ်ထောင်အောက်တွေကတော့ အရောင်း အနည်းငယ် ရှိနေတယ်လို့ ဆိုပါတယ်။ အဲဒီထဲမှာ မြို့သစ်တွေဖြစ်တဲ့ သန်လျင်၊ ကျောက်တန်း၊ ပဲခူး၊ လှည်းကူး၊ မှော်ဘီ၊ ဒဂုံမြို့သစ် လေးမြို့နယ်မှာ အရောင်းအဝယ်ရှိပြီး ရင်းနှီးမြှုပ်နှံ တဲ့သူတွေကလည်း စက်မှုဇုန်တွေဘက်ကို အဝယ်နည်းနေတယ်လို့ သိရပါတယ်။

image