5 d - Translate

ရန်ကုန်မှာဆိုရင် ဖိနပ်အမျိုးစုံလိုရင် ၂၉လမ်း🛣️

ပရဆေးနဲ့ပါတ်သ၊က်တာမှန်သမျှကုန်ဈေးတန်းမှာရတယ် 🛣️

မွှေးပွအရုပ်ကြီးတွေ ကော်ရုပ် ကလေးကစားစရာအစုံအလင်လိုချင်ရင် ၂၄ အပေါ်ဘလောက်မှာရတယ် 🛣️

မျက်မှန်နဲ့ပါတ်သက်ရင် ရွှေဘုံသာအလယ်မှာ အများကြီးပါ 🛣️

ရွှေအတိုအစကစ ရွှေတုံးအထိလိုချင်ရင် ရွှေဘုံသာအောက်ဘလောက်ကိုသွား🛣️

ဆိုးဆေးဆပ်ပြာဆီ အနံ့အရသာ နဲ့ပါတ်သက်ရင် ၂၇လမ်းမှာရတယ်🛣️

စက္ကူဂျပ်ပုံးဆိုက်အစုံ လိုသလောက်ဝယ်ချင်ရင် ၂၈လမ်းအပေါ်မှာရတယ် လျှပ်စစ်ပစ္စည်းအစုံအလင်လိုရင် လမ်း၃၀အလယ်ကိုသွား🛣️

စာရေးကရိယာနဲ့ပါတ်သက်ရင် ၃၁ လမ်းအလယ်ကိုသွား🛣️

ငါးကင်ကောင်းကောင်းစားချင်ရင် လှည်းတန်းကိုသွား🛣️

🐷ဝ၊က်သားကောင်းကောင်းစာ.းချင်ရင် ဝ၊က် စပါယ်ရှယ်လစ် ဆင်မလိုက်သုံးတောင်ကွေ့ကိုသွား🛣️

မာလာမောက်ချိုင် စားချင်ရင် စဉ်းအိုးတန်းအပ်ါဘလောက်ကိုသွား မာလရှမ်းကောလဲရတယ်
🛣️

ပင်လယ်စာအကင်ပစ္စည်းအစုံအလင်လိုရင် ၁၈လမ်းအပေါ်ထိပ် ရွှေငါးမောင်မောင်ရတယ်🛣️

စပါယ်ပန်း ခရေပန်းကုံးသီးပီးသား များများလိုရင် လှိုင်ဘတ္တာကိုသွား🛣️

အီလက်ထရောနစ်နဲ့ပါတ်သက်သမျှ ချစ်ပြား ထရန်စစ္စတာ နဲ့ မိုက်ခရိုပစ္စည်းအစုံလိုရင် မောင်ခိုင်လမ်းအပ်ါဘလောက်မှာရတယ်🛣️

ဘေထုပ်နဲ့ပါတ်သက်ရင် ကြည့်မြင်တိုင်ညဈေးကိုသွား branded တွေ ဈေးချိုချိုနဲ့ရပါတယ်🛣️

ဘုရားတည် ဘုန်းကြီးကျောင်းလှူ တိုက်ပေါ်မှာ ပေါ့ပေါ့ပါးပါးစေတီတည်လိုသူတွေ ပန်းဒင်းတန်းကြည့်မြင်တိုင်ကိုသွား
🛣️

အောင်ဘာလေထီလက်လီလက္ကားလိုရင် ၂၇လမ်းအပ်ါဘလောက်ကိုသွား
🛣️

ကွန်ပြူတာနဲ့ပါတ်သက်သမျှ အစုံရတာက ဆိပ်ကမ်းသာအလယ်ဘလောက်ပါ🛣️

ခုသီတင်းကျွတ်ဆီမီးထွန်း မီးပုံးလှလှလိုချင်ရင် မဟာဗန္ဓုလလမ်း ၂၃နဲ့၂၄အကြားမှာအစုံရတယ်🛣️

PS: ရည်စားလိုချင်ရင်ဒီကမင်မင်နဲ့တွဲ😁

လိုအပ်တာရှိရင်ပြောပေးကြပါဦးထပ်ဖြည့်ပေးမယ်နော်☺️

မူရင်းရေးသားသူကို ခရစ်ဒစ်ပေးပါတယ်

image