5 d - Translate

အဘွားရယ် သန်စွမ်းလိုက်တာ
ကျေးလက်မှာနေကြတဲ့သူတွေကို သဘောကျတာက အသက်ကြီးပေမယ့် ကိုယ်လက်လှုပ်ရှားမှု ရှိတာရယ်၊ လေကောင်းလေသန့်ရတာရယ် ဓါတုပစ္စည်းတွေကင်းဝေးတဲ့ အစားအသောက်တွေ စားသောက်ခွင့်ရတာရယ်ကြောင့်ထင်တယ် တော်တော်ကျန်းမာသန်စွမ်းကြတယ်။ ဒီအဘွားဆို အသက် ၇၀ ၈၀ ဝန်းကျင်လောက်ရှိမယ်ထင်တယ်။ ဒီလို မတ်တပ်ရပ်ပြီး လှေလှော်လို့ဆိုတာ တော်ရုံသန်စွမ်းမှုနဲ့မရဘူး။ တခါတလေကျတော့လည်း သဘာဝတရားကပဲ လူတွေကို နေသားတကျဖြစ်အောင် ပြန်ဖန်တီးပေးတာပဲ။ ကိုယ်တွေ သူ့အသက်အရယ်မှာ သူလိုကျန်းမာသန်စွမ်းဘို့ ဖြစ်နိုင်ပါ့မလားတောင်မသိဘူး