6 d - Translate

#ဝက်သနီချက်

ဝက်သားကိုအရသာမှုန့်နယ်ပြီးနှပ်ထားပေးပါ။ ကြက်သွန်နီကို ပုံမှန်လှီးနေကျထက် ထူထူလေးလှီးထားပါ။ ဒယ်အိုးထဲဆီထည့်ပြီး သကြားအနည်းငယ်ထည့်ပါ။ သကြားအရောင်ရဲလာပြီဆိုမှ ထောင်းထားသောဂျင်း နဲ့ ကြက်သွန်နီထည့်ပါ။

အနည်းငယ်ကြာမှ ကြက်သွန်ဖြူထည့်ပြီး နွမ်းသည်အထိဆီသပ်ပါ။ ပြီးမှ ဝက်သားတုံးထည့်ပါ။ မွှေပေးပါ။ အသားအနည်းငယ်မာလာမှ ခရုဆီ ဆား အရသာမှုန့် ရေ ထည့်ပြီး ဝက်သားနူးပြီး ရေခမ်း အနှစ်ကျသည်အထိတည်ပေးရုံပါဘဲ။

image