6 d - Translate

ရွှေဈေး ကျစေချင်တဲ့ အဖွဲ့ရယ်
ရွှေဈေး တက်စေချင်တဲ့ အဖွဲ့ရယ်

တက်ဈေးမှာ ဝယ်ထားသူရယ်
ဈေးအကျကို စောင့်နေသူရယ်

အဖွဲ့အမျိုးမျိုးကြားမှာ ဈေးတင်ပေးရတာ တော်တော်ခက်ခဲလာပါတယ်
၈၀ ကျော်နဲ့မိထားတဲ့ တချို့လူတွေဆိုရင် Page ကို S.s ရိုက်ပြီးတော့ကို တိုက်ခိုက်လာကြတာ တွေ့ရပါတယ် ။
MMP ဈေးအတိုင်း တက်ဈေး ကျဈေး နေ့စဉ်မပျက် တင်ပေးနေတာတောင် ကိုယ်ကပဲ တမူထူးခြားပြီး ဈေးအချောင်လိုက်နှိုက် ဝယ်နေသလိုလို ရိုင်းစိုင်းစွာ ရေးလာကြတယ် ။

ကိုယ့်လိုဖက် မပြည့်ရင် အဲ့လူဟာ လူကောင်းမဟုတ်ဘူးဆိုတဲ့ အယူဆိုးတွေ ရှိနေသရွေ့ ဘယ်သောအခါမှ တိုးတက်မှာ မဟုတ်ဘူး ။

ဈေးတန်းဆိုတာ လိုင်းပေါ်မှာပဲ ပြီးဆုံးသွားတာ မဟုတ်ပါဘူး
မြေပြင်လက်တွေ့ကသာ အဓိကပါလို့ ခဏခဏ ပြောလေ့ရှိပါတယ် ။

ဝယ်သူပဲဖြစ်ဖြစ် ရောင်းသူပဲဖြစ်ဖြစ် သိထားရမှာက လိုင်းပေါ်ကဈေးတန်းနဲ့ ဆိုင်တွေက အရောင်းအဝယ် လုပ်နေတာ မဟုတ်ပါဘူးနော် ။
အနီးစပ်ဆုံး ခန့်မှန်းမိရုံလောက်ပဲ ရမှာပါ

ဈေးကျနေပါပြီ ဈေးတက်နေပါပြီလို့ ရေးတင်လို့လဲ ကျတာမရှိသလို တက်တာလဲ မရှိပါဘူး ။
သူ့ Limit နဲ့ သူ့အကြောင်းနဲ့ သူဈေးတန်းနဲ့ သူသွားနေတာပါ ။

အချို့ လူတွေရဲ့ အတ္တလောဘ အမှောင်ဖုံးမှု ပူလောင်ခြင်းတွေဟာ လောကီ လောကုတ္တရာ အနာဂတ်အတွက် မတွေးဝံ့စရာပါဘဲ ။

image