6 d - Translate

အိန္ဒိယမှာ ကျောင်းလာဘ်လာဘရွှင်စေဖို့ ၇ နှစ်အရွယ်ကျောင်းသားကို သတ်ပြီး ရိုးရာယစ်ပူဇော်တဲ့ ကျောင်းအုပ်အပါ ၅ ယောက်ကို ဖမ်းဆီး

မဲခေါင်၊ စက်တင်ဘာ ၂၉

အိန္ဒိယနိုင်ငံ အထွတ်အမြတ်နေရာ တက်ဂျမဟာနဲ့မဝေးလှတဲ့ ဟာသရက်စ်မြို့က ဘော်ဒါစာသင်ကျောင်း တစ်ကောင်းက ၇ နှစ်အရွယ် ကျောင်းသားလေးကို ကျောင်းအုပ်က ကျောင်းလာဘ်လာဘပွင့်ဖို့ရည်ရွယ်ပြီး ရိုးရာယစ်ပူဇော်သတ်ဖြတ်ခဲ့လို့ ရဲတပ်ဖွဲ့က ကျောင်းအုပ်အပါ ၅ ယောက်ကို ဖမ်းဆီးစစ်ဆေးနေကြောင်း ဖေဖော်ဝါရီ ၂၇ ရက်နေ့က ထုတ်ပြန်ပါတယ်။

ဒီကလေးငယ်ရဲ့ အလောင်းကို စက်တင်ဘာ ၂၂ ရက်က သူ့ဘော်ဒါဆောင် အိပ်ယာထဲမှာ တွေ့ရှိရတာဖြစ်ပြီး သေဆုံးနေတဲ့‌ ကလေးကိစ္စကို ကျောင်းအုပ် ဒင်းနစ်ရှ်ဘက်ဂ်ဟယ်ဟာ ရဲကိုအကြောင်းမကြားဘဲ သူ့ကားထဲမှာပါ ဝှက်ထားခဲ့သေးတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဒီကလေးကို ကျောင်းအုပ်ရဲ့ ဖခင်ကိုယ်တိုင်က ဦးစီးပြီး အောက်လမ်းနည်းနဲ့ ယစ်ပူဇော်မှုမလုပ်ခင်ကတည်းက သတ်ဖြတ်ထားခဲ့တာဖြစ်ကြောင်း၊ ဒါကြောင့် ဘက်ဂ်ဟယ်နဲ့ ဖခင်အပါ အမှုမှာပါဝင်ခဲ့တဲ့ ကျောင်းဆရာ ၃ ယောက်ကိုပါ ဖမ်းဆီးပြီး စစ်ဆေးနေပြီဖြစ်ကြောင်း၊ သေဆုံးပုံကိုတော့ ရင်ခွဲ ဆေးစစ်မှုတွေ လုပ်ဆောင်နေဆဲမို့ မထုတ်ပြန်နိုင်သေးဘူးလို့ ရဲအရာရှိတစ်ဦးက ထုတ်ပြန်ပါတယ်။

အိန္ဒိယအမျိုးသားရာဇဝတ်မှုမှတ်တမ်းဗျူရိုထုတ်ပြန်မှုအရ နိုင်ငံအတွင်းမှာ ၂၀၁၄ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ ဒီလိုအယူသီး ရိုးရာလူသသားယစ်ပူဇော်သတ်ဖြတ်မှုပေါင်း ၁၀၃ ခုရှိခဲ့တယ်လို့ သိရှိရပါတယ်။ ဒါပေမဲ့ အမှု အများစုဟာ ဝေးလံသီခေါင်တဲ့ဒေသတွေက စုန်း၊ ကဝေ၊ နတ်ကိုးကွယ်မှု အစွန်းရောက်တဲ့ မျိုးနွယ်စုတွေထဲမှာ သာ အဖြစ်များခဲ့တယ်လို့ ဆိုပါတယ်။

မနှစ်ကလည်း ၂၀၁၉ ခုနှစ်က ၆၄ နှစ်အရွယ် အမျိုးသမီးကြီးကို အိန္ဒိယ အရှေ့မြောက်ပိုင်း ဝေးလံသီခေါင်အရပ်က ဘုရားကျောင်းကို သွားရောက်ဖူးမျှော်အပြီးအပြန် အမျိုးသားတစ်ယောက်က သူ့အစ်ကိုသေဆုံးခြင်း နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် ဓားနဲ့ခေါင်းဖြတ်သတ်ခဲ့လို့ ရဲတပ်ဖွဲ့ က ပါဝင်သူ ၅ ယောက်ကို ဖမ်းဆီးခဲ့ပါသေးတယ်။

image