6 d - Translate

Infinix ရဲ့ ပထမဆုံး Foldable ဖုန်း Zero Flip လာပြီ
==============================

Infinix က Zero Flip အမည်ရ ပထမဆုံး Foldable ဖုန်းကို ကြေညာလိုက်ပါတယ်။ 6.9” Main LTPO AMOLED FHD+ Display တပ်ဆင်ထားပြီး 120Hz Refresh Rate, 1400 Nits Peak Brightness ထောက်ပံ့ထားပါတယ်။ Cover Display က 3.64” AMOLED 1056x1066p ဖြစ်ပြီး 120Hz Refresh Rate , Gorilla Glass 2 Protection ပါပါတယ်။

အနောက်ဘက်မှာ 50MP Main (OIS) နဲ့ 50MP Ultrawide ကင်မရာ ၂ လုံးနဲ့ အရှေ့ဘက်မှာ 50MP ဆဲလ်ဖီး ကင်မရာ ထည့်သွင်းထားပါတယ်။ ကင်မရာတွေက 4K Video ရိုက်ကူးနိုင်ပါတယ်။

MediaTek Dimensity 8020 Chipset မောင်းနှင်ထားပြီး 8GB RAM နဲ့ 512GB Storage ပါပါတယ်။ 70W Fast Charging ထောက်ပံ့တဲ့ 4,720mAh Battery ပါလာပြီး Android 14 အခြေပြု XOS 14.5 ထည့်သွင်းထားပါတယ်။

၆၄၅ ဒေါ်လာ သတ်မှတ်ထားပြီး Rock Black နဲ့ Blossom Glow အရောင် ထုတ်လုပ်ထားပါတယ်။

image