6 d - Translate

(၆)ပွဲဆက် ပေးဂိုးမရှိသော အသင်း

စီးရီးအေကလပ် ဂျုဗင်တပ်စ်အသင်းဟာ ဒီရာသီရဲ့ အီတလီ စီးရီးအေ အဖွင့်ပွဲစဉ် (၆)ပွဲ ကစားလို့အပြီး နိုင်ပွဲ (၃)ပွဲ သရေပွဲ (၃)ပွဲနဲ့ ရှုံးပွဲမရှိသေးသလို အဲ့ဒီ (၆)ပွဲလုံးမှာလည်း ပေးဂိုး လုံးဝ မပေးရအောင် ကစားထားနိုင်ခဲ့ပါတယ်။

ထူးခြားတာကတော့ ဂျုဗင်တပ်စ်က နိုင်ပွဲ (၃)ပွဲမှာ (၃)ဂိုး ဂိုးမရှိတွေနဲ့ပဲ အနိုင်ယူခဲ့သလို သရေပွဲ (၃)ပွဲလုံးမှာလည်း ဂိုးမရှိသရေပွဲတွေသာ ဖြစ်ခဲ့တာပါ။

အခုဆို ဂျုဗင်တပ်စ်အသင်းဟာ ဥရောပထိပ်သီးလိဂ်ကြီး (၅)ခုထဲမှာ ပေးဂိုး လုံးဝမရှိအောင် ကစားထားနိုင်တဲ့ တစ်သင်းတည်းသော ကလပ်အသင်းအဖြစ်ပါ ရပ်တည်နေပါတယ်။

image