6 d - Translate

သူနာပြုသင်တန်း အခမဲ့သင်ပေးနေဟုဆို

လတ်တလောအချိန်မှာလူငယ်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းရရှိဖို့နဲ့ ငွေကြေးအခက်အခဲရှိတဲ့သူတွေ အခမဲ့ တက်ရောက်သင်ယူလို့ရနိုင်မယ့် လိုင်စင်ရသူနာပြုအကူသင်တန်းကို ရန်ကုန်မြို့၊ ဗိုလ်ချုပ်လမ်းရှိ ကုသိုလ် ဖြစ်သဘာဝတရားရိပ်သာဆေးရုံမှာ ဖွင့်လှစ်သင်ကြားပေးနေတယ်လို့ အဲဒီတရားဆေးရုံရဲ့တာဝန်ခံသီလရှင် ဒေါ်အမတဉာဏီ ကမိန့် ပါတယ်။

သင်ကြားရာမှာ သူနာပြုအကူအတတ်ပညာတင်သာမက လူနာတွေကိုတရားနဲ့ပါစောင့်ရှောက်နိုင်ဖို့ပါ ကြားပေး သလို သင်ကြားနေစဉ်ကာလအတွင်းမှာလည်း စားသောက်နေထိုင်ရေး၊ သင်ထောက်ကူပစ္စည်းတွေအပါအဝင်လို အပ်တာတွေမှန်သမျှကို အခမဲ့ကုသိုလ်ပြုထောက်ပံ့လုပ်ဆောင်ပေးနေတယ်လို့သိရပါတယ်။

လူငယ်တွေအတွက် အခက်အခဲတွေကြားထဲက အခမဲ့ သူနာပြုအကူသင်တန်းကို ဖွင့်လှစ်သင်ကြားနေတဲ့ အခြေအနေ တွေနဲ့ပတ်သက်လို့လည်းသီလရှင် ဒေါ်အမတဉာဏီ ကအခုလိုမိန့်ပါတယ်။

လက်ရှိမှာ အခမဲ့သူနာပြုအကူသင်တန်းကို ရန်ကုန်တိုင်းဒေသကြီးကသာမက အခြားတိုင်းဒေသကြီးနဲ့ ပြည်နယ် တွေကပါလာရောက်သင်ယူနေကြတယ်လို့သိရပါတယ်။

သင်တန်းကာလပြီးဆုံးတဲ့အခါမှာရရှိနိုင်တဲ့အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ပတ်သက်လို့လည်းသီလရှင် ဒေါ်အမတဉာဏီ ကအခုလိုဆက်မိန့်ပါတယ်။

လက်ရှိဖွင့်လှစ်ထားတဲ့ ဗိုလ်ချုပ်လမ်းအခမဲ့ကုသိုလ်ဖြစ်တရားဆေးရုံကို ပြီးခဲ့တဲ့၂၀၂၂ခုနှစ်မတ်လမှာ သဘာဝတ ရားရိပ်သာ ဆရာတော်အရှင်ဥတ္တမသာရက စတင်တည်ထောင်ဖွင့်လှစ်ပေးခဲ့တာဖြစ်ပြီး အခမဲ့သူနာပြုအကူ သင်တန်းကိုတော့၂၀၂၂ ခုနှစ် မေလ(၁)ရက်နေ့မှာဖွင့်လှစ်သင်ကြားပေးခဲ့သလို သဘာဝတရားရိပ်သာအနေနဲ့ အခြားသောပရဟိတလုပ်ငန်းပေါင်းများစွာကိုလုပ်ဆောင်နေတယ်လို့လည်းသိရပါတယ်။

image