6 d - Translate

ရက်ရှ်ဖို့ဒ်ဟာ ဘောလုံးကို ပထမဦးစားပေး သတ်မှတ်ထားခြင်းမရှိဟု ဟတ်ဆယ်ဘိန့် ဝေဖန်
အင်္ဂလန်နဲ့ မန်ယူတိုက်စစ်ကစားသမား ရက်ရှ်ဖို့ဒ်ဟာ ဘောလုံးအားကစားကို ပထမဦးစားပေး သတ်မှတ်ထားခြင်းမရှိသူလို့ တိုက်စစ်မှူးဟောင်း ဟတ်ဆယ်ဘိန့်က ဝေဖန်ပြောသွားပါတယ်။

အင်္ဂလန် လက်ရွေးစင်အသင်းလက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့သူ ဟတ်ဆယ်ဘိန့်ဟာ ရက်ရှ်ဖို့ဒ်ရဲ့ ကစားပုံနဲ့ စိတ်နေသဘောထားအပေါ် အားမလိုအားမရ ဖြစ်ခဲ့တာပါ။

ရက်ရှ်ဖို့ဒ်ကို လေ့လာကြည့်မယ်ဆိုရင် ဘောလုံးက သူ့ရဲ့ ပထမဦးစားပေး မဟုတ်တဲ့ ပုံစံမျိုး ဖြစ်ပြီး၊ သူသာ စိတ်ပါလက်ပါနဲ့ ကစားနိုင်မယ်ဆိုရင် အကောင်းဆုံး တောင်ပံတိုက်စစ်မှူးတယောက် ဖြစ်ကြောင်း ဟက်ဆယ်ဘိန့်က သုံးသပ်သွားပါတယ်။

ရက်ရှ်ဖို့ဒ် ခြေစွမ်းပြနိုင်မှုမရှိတာက နည်းပြတန်ဟတ်ဂ်နဲ့ မသက်ဆိုင်ဘဲ ကစားသမားဖြစ်သူရဲ့ စိတ်နေသဘောထားကြောင့်သာ ဖြစ်တယ်လို့ ဟက်ဆယ်ဘိန့်က ပြောသွားပါတယ်။

DVB

image