6 d - Translate

မန်စီးတီးဆီ မရောက်စေရန် ရော်နယ်ဒိုကိုခေါ်ခဲ့မှု မှားယွင်းဟု ဆိုးလ်ရှား ဝန်ခံ
မန်စီးတီးအသင်းဆီ မရောက်ဖို့အတွက် စီရော်နယ်ဒိုကို ခေါ်ယူခဲ့တာက မှားယွင်းတဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်း မန်ယူနည်းပြဟောင်းဆိုးလ်ရှားက ဝန်ခံသွားပါတယ်။

မန်ယူအသင်းဟာ ၂၀၂၁ ခုနှစ်က မြို့ခံပြိုင်ဘက် မန်စီးတီးဆီ ပြောင်းရွှေ့ဖို့ စီစဉ်နေတဲ့ စီရော်နယ်ဒိုကို ဂျူဗင်တပ်အသင်းကနေ ကြားဖြတ်ခေါ်ယူခဲ့တာပါ။

ရော်နယ်ဒိုကို ခေါ်ယူခဲ့တာက မှားယွင်းတဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး ဟာလန်းထက် ဂိုးပိုသွင်း ယူနိုင်မယ်လို့ ယုံကြည်ခဲ့တာကြောင့်လည်း ပါဝင်တယ်လို့ နည်းပြဆိုးလ်ရှားက အော်စလို စီးပွားရေးဖိုရမ်မှာ ထည့်သွင်းပြောသွားခဲ့တာပါ။

ရော်နယ်ဒိုကို ခေါ်ယူခဲ့တာက တခြားကစားသမားတွေအတွက် အရေးပါမှု နည်းပါးသွားစေခဲ့ပြီး ရော်နယ်ဒိုဟာ အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်ခဲ့ပေမဲ့ ၁၀ ပတ်အကြာမှာ သူ့အနေနဲ့ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရကြောင်း နည်းပြဆိုးလ်ရှားက ပြောသွားပါတယ်။
DVB

image