7 d - Translate

#ဒိန်ချဉ်ကြက်ကြော် (ဒိန်ချဉ်နဲ့နှပ်ပြီးမှ ကြော်ထားတဲ့ကြက်ကြော်)

ဒိန်ချဉ်ကြက်ကြော်က အခြားကြက်ကြော်တွေနဲ့အရသာကွဲထွက်ပြီးအတော်ကို စားကောင်းတယ်။ အနံ့ကလဲအတော်မွှေးတယ်။ သူ့ရဲ့အကောင်းဆုံးက ဒိန်ချဉ်နဲ့အကြော်မှုန့်ကိုကပ်ထားတဲ့နေရာက ကြွပ်ပြီး အခြားကြက်ကြော် အ၇သာနဲ့မတူပဲ စားကောင်းပါတယ်။ အတွင်းက အသားကတော့ ဒိန်ချဉ်နဲ့နှပ်ထားလို့နူးနူးအိအိလေးနေပါတယ်။ လုပ်ရတာလဲလွယ်ကူလို့လုပ်စားကြည့်နော်။

ပါ၀င်သောပစ္စည်းများ
၁။ ကြက်ပေါင် - ၂၅ ကျပ်သား (သို့) ၂ ပေါင်
၂။ ဒိန်ချဉ် - ၁ ခွက်
၃။ ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၄။ အကြော်မှုန့်- ၁ ခွက်
၅။ ငရုတ်ကောင်းမှုန့်- လက်ဖက်ရည်ဇွန်း တ ၀က်
၆။ ကြော်ရန်ဆီ

( ၁ ခွက် = 240ml = ၇ိုး၇ိုးကော်ဖီခွက် ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း)
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း
၁။ ကြက်သားကို သန့်စင်ပြီး ဆားလက်ဖက်ရည်ဇွန်း တ ၀က်နှင့် နယ်ပြီး ၁၅ မိနစ်ခန့်နှပ်ပါ။ ပြီးလျှင် ဒိန်ချဉ်ကို ထည့်ပြီး အနည်းဆုံး ၃ နာရီခန့်ရေခဲသေတ္တာထဲမှာ နှပ်ထားပါ။ (အိစံကတော့ တည နှပ်ထားပါတယ်။)
၂။ ပန်းကန်တခုထဲမှာ ဆားလက်ဖက်ရည်ဇွန်း တ ၀က်၊ ငရုတ်ကောင်းမှုန့်လက်ဖက်ရည်ဇွန်း တ ၀က်နှင့် အကြော်မှုန့်တို့ကို ရောရ်ျ သမအောင်လုပ်ပါ။
၃။ ဒယ်အိုးထဲတွင် ဆီကို အပူပေးရ်ျ ဆီပူလာလျှင် ဒိန်ချဉ်နှင့်နှပ်ထားသော ကြက်ပေါင် တခု ဆီကို အကြော်မှုန့်ဖြင့် နှံ့အောင်လူးရ်ျ ဆီပူပူတွင် ထည့်ကြော်ပါ။
၄။ ကြက်ပေါင်များ နီညို ေ၇ာင်သန်းလာလျှင် ဆီစစ်ပါ။
၅။ အခြားကြက်ကြော်တွေနဲ့မတူပဲ အနံ့မွှေးမွှေးနဲ့အလွန်စားလို့ကောင်းတဲ့ဒိန်ချဉ်ကြက်ကြော်ကို သုံးဆောင်နိုင်ပါပြီ။

image