7 d - Translate

ပုံသဏ္ဍာန် ၂ မျိုးပြောင်းနိုင်တဲ့ လျှပ်စစ်ကား
========================

လျှပ်စစ်ကား နယ်ပယ်ဟာ ပြိုင်ဆိုင်မှု ပြင်းထန်လာပြီး ကုမ္ပဏီတွေဟာ ထူးခြားဆန်းသစ်တဲ့ လျှပ်စစ်ကားတွေကို ဖန်တီးလာကြပါတယ်။ တရုတ် ကုမ္ပဏီ Changan ရဲ့ လျှပ်စစ်ကား အသစ်ကလည်း ဒီဇိုင်းထူးခြားပါတယ်။ Nevo E07 လို့ အမည်ပေးထားတဲ့ လျှပ်စစ်ကားဟာ SUV နဲ့ Pickup Truck Mode ကို ပြောင်းလဲနိုင်ပါတယ်။

တကယ်မိုက်တာက အဲဒီကားမှာ Changan က ကမ္ဘာ့ ပထမဆုံးလို့ ပြောတဲ့ ဂြိုလ်တု ဆက်သွယ်ရေး ထည့်သွင်းထားပါတယ်။ Level 2+ Autonomous Driving စွမ်းရည် အပါအဝင် အဆင့်မြင့် ယာဉ်မောင်းထောက်ကူစနစ်တွေ ပါလာပါတယ်။ Nevo E07 ဟာ အင်တာနက် အမြဲချိတ်ဆက်ထားနိုင်သလို ပတ်ဝန်းကျင်မှ အရာတွေကို သိနားလည်ပါတယ်။ အဲဒီလို စွမ်းဆောင်နိုင်ဖို့ ဆန်ဆာများစွာနဲ့ စွမ်းရည်မြင့် NVIDIA Orin-x Chip ထည့်သွင်းထားပါတယ်။

အဲဒီကားအတွက် EREV (Extended-range Electric Vehicle) နဲ့ EV (Pure Electric) မော်ဒယ် ၂ မျိုးထုတ်လုပ်ထားပါတယ်။ EREV ဟာ လျှပ်စစ်စွမ်းအင်နဲ့ ၁၂၄ မိုင်မောင်းနှင်နိုင်ပြီး အဲဒီနောက်မှာ လောင်စာဆီ အင်ဂျင်နဲ့ ဆက်လက်မောင်းနှင်နိုင်ပါတယ်။ 800V High-voltage Fast Charging ကြောင့် ၁၅ မိနစ်အားသွင်းရင် ၃၆၅ ကီလိုမီတာ မောင်းနှင်နိုင်ပါတယ်။

EREV Max ကို စတာလင်ပေါင် ၂၆,၈၀၀ နဲ့ Ultra High-performance Version ကို စတာလင်ပေါင် ၃၄,၄၀၀ သတ်မှတ်ထားပြီး တရုတ်မှာ ကြိုတင် ရောင်းချလိုက်ပါတယ်။

image