7 d - Translate

iPhone 15 Pro Max နဲ့ ရိုက်ကူးထားတဲ့ “28 Years Later” Zombie ရုပ်ရှင်
===========================================

iPhone နဲ့ ရိုက်ကူးတဲ့ ရုပ်ရှင်တွေ ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။ အဲဒီအထဲမှာ “ 28 Years Later” Zombie ရုပ်ရှင်လည်း ပါဝင်လာပြီး အဲဒီ ရုပ်ရှင်ကို iPhone 15 Pro Max နဲ့ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒါရိုက်တာက Danny Boyle ဖြစ်ပါတယ်။

ဒါရိုက်တာ Boyle နဲ့ cinematographer Anthony Dod Mantle တို့က iPhone 15 Pro Max ကိုအသုံးပြုပြီး ရိုက်ကူးထားတာလို့ သတင်းထွက်လာပါတယ်။ ဒါရိုက်တာက “28 Years Later “ ကို iPhone 15 Pro Max နဲ့ ရိုက်ကူးထားတဲ့အကြောင်းကို အဖွဲ့သားတွေကို မပြောဖို့ နှုတ်ပိတ်ထားပေမယ့် သတင်းတွေ ပေါက်ကြားထွက်ပေါ်လာတာ ဖြစ်ပါတယ်။ iPhone 15 Pro Max နဲ့အတူ Lens နဲ့ Stabilizer တွေ အသုံးပြုကာ ရုပ်ရှင်ကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။

“28 Years Later” ရုပ်ရှင်ကို ၂၀၂၅ ခုနှစ် နွေရာသီမှာ စတင် ပြသမှာ ဖြစ်ပါတယ်။ Zombie ရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်းပဲ ကမ္ဘာကြီးမှာ Zombie တွေ ထွက်ပေါ်လာပြီး လူသားတွေက အသက်ရှင်သန်အောင် ကြိုးစားကြရတဲ့ ဇာတ်လမ်း ဖြစ်ပါတယ်။ အဲဒီရုပ်ရှင်မှာ နာမည်ကြီး မင်းသား၊ မင်းသမီးတွေ ပါဝင် သရုပ်ဆောင်ထားကြပါတယ်။

image