7 d - Translate

မာရသွန်ဝင်ပြေးရင်း ရုရှားပစိဖိတ်ရေတပ်အုပ်စုရဲ့ ရေကြောင်းပြအရာရှိ သေဆုံး
၂၈/စက်တင်ဘာ/၂၀၂၄

ဗလာဒီဗော့စတော့အခြေစိုက် ရုရှားပစိဖိတ်ရေတပ်အုပ်စုရဲ့ ရေကြောင်းပြအကြီးအကဲ အယ်ဂျဲလ်နီး ဗီယွန်နက်ဗ်ဟာ စက်တင်ဘာ ၂၈ ရက်နေ့က ကျင်းပတဲ့ "Bridges of Vladivostok" မာရသွန်ပြိုင်ပွဲ ဝင်ရောက်ယှဥ်ပြိုင်ရင်း သေဆုံးခဲ့ရကြောင်း ရုရှားအစိုးရသတင်းတွေက ဖော်ပြပါတယ်။
အသက် ၄၁ နှစ်အရွယ် ရေကြောင်းပြအရာရှိ အယ်ဂျဲလ်နီး ဗီယွန်နက်ဗ်ဟာ မာရသွန်ပြိုင်ပွဲ ၅ ကီလိုမီတာခန့်ပြေးအပြီးမှာ ဆက်မပြေးနိုင်တော့ပဲ လဲကျသွားခဲ့တာလို့ဆိုပါတယ်။ ဗလာဒီဗော့စတော့မြို့ ဆေးဘက်ဆိုင်ရာအဖွဲ့တွေက အရေးပေါ်ကူညီဖို့ ကြိုးစားခဲ့ပေမဲ့ သေဆုံးသွားရကြောင်းလည်း ရုရှားအစိုးရသတင်းတွေက ဖော်ပြပါတယ်။
မာရသွန် ပြိုင်ပွဲဝင်အားလုံးကို ကျန်းမာရေးဆေးစစ်ဆေးပြီးမှာ ဝင်ရောက်ယှဥ်ပြိုင်ခွင့်ပေးတာဖြစ်လို့ ရေကြောင်းပြအရာရှိ အယ်ဂျဲလ်နီး ဗီယွန်နက်ဗ်သေဆုံးရမှုအပေါ်ကို ဆက်လက်စစ်ဆေးဖို့ရှိနေတယ်လို့လည်း ရုရှားအစိုးရသတင်းတွေက ဖော်ပြပါတယ်။ သက်ဆိုင်ရာ ပစိဖိတ်ရေတပ်အုပ်စုကတော့ ရေကြောင်းပြအရာရှိ သေဆုံးမှုအပေါ် တစုံတရာ သတင်းထုတ်ပြန်တာမရှိသေးကြောင်းလည်း ရုရှားအစိုးရသတင်းတွေက ဖော်ပြပါတယ်။

image