အိုင်ယာလန်နိုင်ငံ။
မနက် လေးနာရီလောက်မှာ အမူးသမား နှစ်ယောက် အရက်ဆိုင်တစ်ဆိုင်ထဲကနေ သိုင်းကွက်နင်းပြီး ထွက်လာတယ်။
အဝေးပြေးကားလမ်းမကြီးနား ရောက်တော့ လမ်းမီးတိုင်တစ်တိုင်မှာ ကြိုးစားပမ်းစား မှီပြီး ရပ်ကြတယ်။
ရဲတစ်ယောက်က သူတို့နှစ်ယောက်ဆီ လျှောက်လာတယ်။ အမူးသမားတစ်ယောက်က လှမ်းမေးတယ်။
" ရားသဲကြီး ခင်ဗျ၊ ဒတ်ဘလင်ကို သွားတဲ့ နောက်ဆုံးအဝေးပြေးကား ဒီက ဖြတ်သွားပြီးပြီလား " (ရဲသားကြီးကိုတောင် တလွဲ ခေါ်မိအောင် မူးနေကြတာ။)
" ဖြတ်သွားပြီပေါ့ဗျ၊ မနက်လေးနာရီတောင် ရှိပြီ "
ဒုတိယ အမူးသမားတစ်ယောက်က မေးပြန်တယ်။
" ဂဲလ်ဝေးကို သွားတဲ့ နောက်ဆုံး အဝေးပြေးကားရော ဒီက ဖြတ်သွားပြီးပြီလား "
" သွားပြီလေ၊ အခုပဲ မနက်လေးနာရီ ရှိနေပြီ "
ပထမ အမူးသမားက အာလေးလျှာလေးသံနဲ့ ထပ်မေးပြန်တယ်။
" ရားသဲကြီးရဲ့၊ ဒါဆို ကော့ခ်ကို သွားတဲ့ နောက်ဆုံးအဝေးပြေးကားရော ဒီက ဖြတ်သွားပြီးပြီလား "
ရဲသားက စိတ်တိုတိုနဲ့ ပြန်ဖြေတယ်။
" ဖြတ်သွားပြီ၊ ဖြတ်သွားပြီကွ၊ သောက်ကားတွေ အကုန်လုံး ဖြတ်သွားပြီ။ အခုပဲ မနက်လေးနာရီ ရှိနေပါပြီဆိုမှ ဘယ်သောက်အဝေးပြေးကားက ကျန်တော့မှာလဲ "
အမူးသမားနှစ်ယောက်က ဝမ်းသာအားရနဲ့ လက်ဝါးချင်း ရိုက်လိုက်တယ်။
" အိုကေ၊ တို့တွေ အခု လမ်းစကူးလို့ရပြီ "
#ဟိုင်းဝေးလမ်းကားရှင်းမှကူးမယ်
#လူသာမန်
9.4.2013; 117 pm
ရယ်စရာ မဂ္ဂဇင်း၊ ဇွန်၊ ၂၀၁၃။
Credit