7 d - Translate

ရီးရဲလ်ကို နှစ်ပေါင်းများစွာ ဆက်လက်ကိုင်တွယ်ချင်ဟု နည်းပြအန်ဆလော့တီ ပြော
ရီးရဲလ်မက်ဒရစ်အသင်းကို နှစ်ပေါင်းများစွာဆက်လက် ကိုင်တွယ်ချင်ကြောင်း နည်းပြအန်ဆလော့တီက ပြောသွားပါတယ်။

အန်ဆလော့တီဟာ မက်ဒရစ်နဲ့ ၂၀၂၆ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပြီး အနာဂတ်နဲ့ ပတ်သက်လို့ ရီးရဲလ်မှာပဲ ဆက်လက်နေချင်ကြောင်း အန်ဆလော့တီက ပြောပါတယ်။

၂၀၂၆ ခုနှစ်မှ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပေမဲ့ မက်ရစ်နဲ့ ပတ်သတ်လို့ ကုန်ဆုံးရက်သတ်မှတ် မထားကြောင်း၊ နောက်ထပ်နှစ်ပေါင်းများစွာ အသင်းမှာဆက်လက်ကိုင်တွယ်လိုကြောင်း အန်ဆလော့ တီကပြောပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ နည်းပြအန်စလော့တီအလွန်မှာ လီဗာကူဆင်နည်းပြအလွန်ဆိုကို အစားထိုးခန့်အပ်ဖို့ စီစဉ်ထားတယ်ဆိုတဲ့သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
DVB

image