7 d - Translate

🔸 စက်တင်ဘာလကုန်ရက်(၃၀ ရက်)မှ အောက်တိုဘာလ ၄ ရက်အထိ "၅ ရက်တာ ကာလအတွင်း" စစ်ကိုင်းတိုင်းအထက်ပိုင်းမှ ကလေးမြို့နယ်နှင့်၊ ချင်းပြည်နယ် တွန်းဇံမြို့နယ်များတွင် "အောက်တိုဘာ ၁ ရက် နံနက် ၁ နာရီ မှ အောက်တိုဘာ ၂ ရက် နံနက် ၁ နာရီအထိ - ၂၄နာရီအတွင်း" မိုးရေချိန် ၆ လက်မခန့်မှ ၈ လက်မ ခွဲခန့်အထိ မိုးအလွန်များများရွာသွန်းနိုင်ကြောင်း ECMWF MODEL Detail Forecast တွင် တွေ့ရပါသည်။
🔸 ကလေးမြို့နယ်အတွင်း မြစ်သာမြစ်ရေ တက်လာနိုင်ခြင်းအပါအဝင်၊ နယ်နမိတ်ချင်းကပ်လျှက်တည်ရှိနေသော ချင်းပြည်နယ်မြောက်ပိုင်းတွင်လည်း မိုအလွန်များပြီး၊ တောင်ကျချောင်းရေရုတ်တရက်ကျဆင်းခြင်း၊ မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်ကြောင်း ကြိုတင်အသိပေးတင်ပြလိုက်ပါသည်။
(စက်တင်ဘာ ၂၈ ရက် - ည ၈ နာရီ ၂၀ မိနစ်)
U Win Naing

image