7 d - Translate

ရိုဒရီ ဒဏ်ရာရမှုက ချန်ပီယံဆုကို ရပ်တန့်စေမည်မဟုတ်ဟု မန်စီးတီးနည်းပြပြော

ရိုဒရီဒဏ်ရာရရှိမူက ချန်ပီယံဆုကို ရပ်တန့်စေမှာမဟုတ်ကြောင်း မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောပါတယ်။

မနှစ်ကရာသီမှာ စီးတီးအတွက် ပွဲပေါင်း ၅၀ အထိ ကစားခဲ့တဲ့ရိုဒရီဟာ အာဆင်နယ်နဲ့ ပွဲစဉ်မှာရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ကာလရှည်အနားယူရတော့မှာပါ။

ရိုဒရီပါဝင်ကစားနိုင်ခြင်းမရှိတဲ့ ပွဲတွေမှာ နိုင်ပွဲရာခိုင်နူန်း ၂၀ ရာခိုင်နူန်းကျော်ထိ ကျဆင်းသွားခဲ့တာကို ဘောလုံးကျွမ်းကျင်သူတွေက ထောက်ပြကြပြီး မန်စီးတီးရဲ့ ချန်ပီယံကာကွယ်နိုင်ရေးမှာ ခက်ခဲသွားနိုင်ကြောင်း သုံးသပ်ကြတာပါ။

နည်းပြဂွါဒီယိုလာကတော့ ဟာလန်းကို ၃ လ လက်လွှတ်ခဲ့ရဖူးသလို ဒီဘရိုင်းကိုလည်း ၅ လ လက်လွှတ်ခဲ့ရတာဖူးတာကြောင့် ရိုဒရီကိုလက်လွှတ်ရမှာကလည်း ကိစ္စမရှိကြောင်းနဲ့ ချန်ပီယံဆု ကို ရပ်တန့်စေမှာမဟုတ်ကြောင်း နည်းပြဂွါဒီယိုလာက ပြောသွားပါတယ်။

image