1 w - Translate

#ဆီတိုဟူးကြက်သားကြော်
.......................................
တရုတ်ကြက်သားကြော် နောက်တစ်မျိုးပါ။ အပြင်မှာ ကြွပ်ရွပြီး အတွင်းဖက်ပိုင်းအသားက ခြောက်မနေတဲ့ ကြက်သားမျိုးပါ။ Iam Yee (ဆီတိုဟူးအနီ) ရဲ့အနံ့အရသာကို စိမ်းတဲ့ နိုင်ငံခြားသားတွေအတွက်ဆိုရင် Iam Yee နဲနဲလျော့ထည့်ရပါ့မယ်၊ ဆီတိုဟူးရဲ့အရသာကို ကြိုက်နှစ်သက်သူတွေကတော့ ခုပြောပြမယ့် Recipe လေးအတိုင်းကြော်ပါ။

ပါဝင်ပစ္စည်းတွေကတော့
............................
- ကြက်သား - 450 gm
(အနေတော်အရွယ်တုံးထားပါ)
- ကြက်ဥ - ၁ လုံး
- ပြောင်းဖူးမှုန့် - ၁ ခွက်
- ဆီတိုဟူးအနီ (Iam Yee) - ၁ တုံး
- တရုတ်နှမ်းဆီမွှေး - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- တရုတ်ဆန်အရက် - စားပွဲဇွန်း ၁ ဇွန်း
- ငရုတ်ကောင်းမှုန့်အဖြူ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း
.............

ကြက်သားကို ဆီတိုဟူးအနီ၊ တရုတ်ဆန်အရက်၊ ငရုတ်ကောင်းမှုန့်၊ နှမ်းဆီမွှေး၊ ဆား၊ ကြက်သားမှုန့်၊ ပြောင်းဖူးမှုန့်၊ ကြက်ဥဖောက်ထည့်ပြီးနယ်ပါ။ အနည်းဆုံး ၃-၄ နာရီခန့် နှပ်ထားပေးပါ။ ပြီးရင် ဆီအိုးတည်ပြီး ကြော်ပါ။

image