1 w - Translate

အန္တရာယ်ရှိအဆင့်သို့ ဟာရီကိန်း ဟယ်လန်နာ ရောက်ရှိ
--------------------------
အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ကို ဝင်ရောက်မယ်လို့ ခန့်မှန်းရတဲ့ ဟာရီကိန်း ဟယ်လန်နာဟာ အန္တရာယ်ရှိ ဟာရီကိန်း မုန်တိုင်းကြီးတစ်ခုအဖြစ်ကို အားကောင်းလာနေတယ်လို့ အမေရိကန် အမျိုးသား ဟာရီကိန်းစင်တာ က ကြာသပတေးနေ့မှာ ပြောပါတယ်။

အဲဒီ ဟာရီကိန်းမုန်တိုင်းကြီး ဟယ်လန်နာဟာ တစ်နာရီကို လေတိုက်နှုန်း မိုင်(၁၃၀)အထိရှိနေပြီး ဖလော်ရီဒါ ပြည်နယ် ကမ်းရိုးတန်တစ်လျှောက်မှာ ကြောက်စရာကောင်းတဲ့ မုန်တိုင်းဒီရေ တက်မှုတစ်ခု ဖြစ်ပေါ်နိုင်ခြေရှိနေ တယ်လို့လည်း သတိပေးထားပါတယ်။ လက်ရှိမှာ ဟာရီကိန်းရဲ့ အရှိန်ကြောင့် ဖလော်ရီဒါပြည်နယ်ထဲက လေဆိပ် တွေကို ပိတ်ထားရသလို သည်းထွန်စွာ ရွာသွန်းနေတဲ့မိုးကြောင့် လမ်းတွေမှာ လည်း ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ် နေပါတယ်။

ဖလော်ရီဒါပြည်နယ် တမ်ပါးမြို့အနောက်ဘက် မိုင်(၁၃၀) အကွာ ကို ရောက်ရှိနေတဲ့ ဟာရီကိန်း ဟယ်လန်နာဟာ အခုထက် အားပိုကောင်းလာမယ်လို့ ခန့်မှန်းရပြီး ဒေသစံတော် ချိန် သောကြာနေ့ည (၁၁)နာရီဝန်းကျင်လောက် မှာ ကုန်တွင်းပိုင်းကို စတင်ဝင်ရောက်မယ်လို့လည်း ခန့်မှန်းထား ကြပါတယ်။ ဒါကြောင့် မုန်တိုင်းလမ်းကြောင်း ပေါ် ကျရောက်နေတဲ့ ဒေသတွေက ပြည်သူတွေကို အသက်ဘေး စိုးရိမ်ရကြောင်းနဲ့ မဖြစ်မနေ နေရပ်ရွှေ့ပြောင်း ကြဖို့ အမေရိကန် အာဏာပိုင်တွေက သတိပေးညွှန်ကြားထားပါတယ်။

image