1 w - Translate

တရုတ်၏ နျူစွမ်းအင်သုံး ရေငုပ်သင်္ဘော နစ်မြုပ်ခဲ့ဟု အမေရိကန်ပြော
-------------------------
တရုတ်ရဲ့ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောသစ် တစ်စင်းဟာ အခုနှစ်ဆန်းပိုင်းတုန်းက နစ်မြုပ်ပျက်စီး သွားခဲ့တယ်လို့ အမေရိကန် ကာကွယ်ရေးတာဝန်ရှိသူတွေက ကြာသပတေးနေ့က ပြောလိုက်ပါတယ်။ ဒါဟာ ပေကျင်းက သူရဲ့ ရေတပ်အင်အားကို တိုးချဲ့တည်ဆောက်ဖို့ လုံးပမ်းနေချိန်မှာ ပေါ်ပေါက်လာတဲ့ အရှက်ရဖွယ် ဆုံးရှုံးမှု တစ်ခုပါ။

Planet Labs က ထုတ်ပြန်တဲ့ ဂြိုဟ်တုဓာတ်ပုံမှာ အဲဒီရေငုပ်သင်္ဘော ကမ်းကပ်ခဲ့ဖွယ်ရှိတဲ့ ၀ူချန်မြို့ သင်္ဘောကျင်း နဲ့ ကရိန်းစက်ယန္တရားတွေကို အခုလို တွေ့ရပါတယ်။ အဲဒီ ပထမတန်းစား တိုက်ခိုက်ရေး ရေငုပ်သင်္ဘောဟာ သင်္ဘောဆိပ်ခံတစ်ခုနဲ့အတူ ပြီးခဲ့တဲ့ မေလနဲ့ ဇွန်လအတွင်းမှာ နစ်မြုပ်သွားခဲ့တယ်လို့ အမည်မဖော်လိုတဲ့ အမေရိ ကန် ကာကွယ်ရေးအရာရှိတစ်ယောက်ကို ကိုးကားပြီး ရိုက်တာက ရေးသားဖော်ပြပါတယ်။

ဝါရှင်တန်မြို့တော်အခြေစိုက် တရုတ်သံရုံးကတော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောဖို့ သတင်းအချက်အလက် မရှိ သေးကြောင်း ပြောပါတယ်။ တရုတ်နိုင်ငံ ရေတပ်မှာ သင်္ဘောအစင်းပေါင်း (၇၃၀)နဲ့ ကမ္ဘာ့အကြီးဆုံး ရေတပ်ကို ပိုင်ဆိုင်ထားပြီး နျူလက်နက်တပ်ဆင် ပစ်ခတ်နိုင်တဲ့ ရေငုပ်သင်္ဘောမျိုးဆက်သစ်တွေကို အများအပြား ထုတ်လုပ် နေချိန် ဖြစ်ပါတယ်။

image