1 w - Translate

ရေကူးကန်ထဲမှာ
လူတချို့ပျော်မြူးနေချိန်မှာပဲ
ရေထဲမှာ လူတချို့စိတ်ညစ်နေရတယ် ၊
မိုးရှာတဲ့အခါ
ငါးလေးတွေ အဆင်ပြေကြပေမယ့်
လိပ်ပြာလေးတွေအတွက်တော့ ဒုက္ခတဲ့ ၊

ဒီကမ္ဘာမှာ ပျော်ရွှင်စရာတွေဟာ
ဘယ်တုန်းကမှ
တန်းတူညီမျှဆိုတာမျိုးမရှိခဲ့ဘူး ၊

ကျနော် ပျော်ရွှင်ရတဲ့အခါတိုင်းမှာ
အဲ့ဒီပျော်ရွှင်မှု့အတွက်
တစ်စုံတစ်ယောက်က
ဝမ်းနည်းကြေကွဲနေရမယ်ဆိုရင်
အဲ့ဒီပျော်ရွှင်မှု့မျိုးကို
ကျနော် မလိုချင်ဘူး ။

Monywa Thar

image