Apu Lay shared a post  
1 w

1 w

ရမ်းဗြဲကျွန်း (Ramree Island)

မြန်မာ့အကြီးဆုံးကျွန်း

------------
အကျယ်အဝန်း - ၅၂၀ စတုရန်းမိုင်
(စင်ကာပူကျွန်းရဲ့ ၂ဆနီးပါးရှိ)

တည်နေရာ - ရခိုင်ပြည်

ဗမာဘုရင်တွေ ရခိုင်ကိုကျုးကျော် သိမ်းပိုက်ပြီးတဲ့အခါမှာ ရခိုင်ကို ဝတီလေးရပ် ခွဲခြားသတ်မှတ်ပြီး အုပ်ချုပ်ခဲ့ပါတယ်။
ဝတီလေးရပ်က
၁-ဓညဝတီ
၂-ဒွါရာဝတီ
၃-ရမ္မာဝတီ
၄-မေဃဝတီ တို့ဖြစ်ပါတယ်။

ရမ္မာဝတီကတော့ ခု ရမ်းဗြဲကျွန်းအနီးဝန်းကျင်ဒေသ ကို ခေါ်ဆိုခဲ့တာ ဖြစ်ပါတယ်။

---------------

ကမ္ဘာကျော်ပေမဲ့ မြန်မာမကျော်တဲ့ ဒုတိယကမ္ဘာစစ်ကြီးရဲ့ တိုက်ပွဲတစ်ခု ရမ်းဗြဲကျွန်းမှာ ဖြစ်ပွားခဲ့ပါတယ်။ အင်္ဂလိပ်နဲ့ ဂျပန်တို့ရဲ့ တိုက်ပွဲမှာ ဂျပန်တွေ အ ရေးနိမ့်ပြီး ရမ်းဗြဲကျွန်းကနေ ထွက်ပြေးချိန်မှာ ရမ်းဗြဲကျွန်းမှာ ရှိတဲ့ ရေငံမိချောင်းတွေရဲ့ တိုက်ခိုက်ခံခဲ့ရတာကြောင့် ဂျပန်စစ်သား အများအပြား အစုလိုက်အပြုံလိုက် သေဆုံးသွားခဲ့ရပါတယ်။

ဒါဟာ ကမ္ဘာ့သမိုင်းမှာ အဆုံးရွားဆုံး တိရစ္ဆာန်တိုက်ခိုက်ခံရမှု (The worst animal attack) အဖြစ် သမိုင်းမှတ်တမ်း တင်ခံခဲ့ရပါတယ်။

________

Thutaplex

image