1 w - Translate

ထိုင်းရောက် မြန်မာနိုင်ငံသားများအား ပတ်စ်ပို့အသစ် လဲလှယ်ခြင်းကို နေ့ချင်းပြီး ပြုလုပ်ပေးနေ
----------------------
ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ နိုင်ငံကူးလက်မှတ်အသစ် လဲလှယ်လိုသူတွေ ဘယ်သူမဆို ရက်ချိန်း ရယူဖို့ မလိုဘဲ အလုပ်အားလပ်ရက်မှာ ရုံးဖွင့်ချိန် မနက်ပိုင်း ၁၂ နာရီမတိုင်မီ လာရောက် စာရင်းသွင်း ကာ နေ့ချင်းပြီး ပြုလုပ်နိုင်တယ်လို့ ဘန်ကောက်မြို့၊ မြန်မာသံရုံးက စက်တင်ဘာ ၂၆ ရက်က အသိပေး ထုတ် ပြန်ပါတယ်။

ထိုင်းနိုင်ငံမှာ အလုပ်အကိုင် PJ နိုင်ငံကူးလက်မှတ်နဲ့ အလုပ်လုပ်ကိုင်နေသူတွေ၊ ရဟန်း သံဃာတွေ၊ ဆေးရုံတက် လူနာနဲ့ ဆေးရုံစောင့်သူတွေ၊ တက္ကသိုလ်အသီးသီးမှာ ပညာသင်ကြားနေသူတွေ၊ နိုင်ငံခြားသင်္ဘော လိုက်ပါနေသူ တွေကို သတ်မှတ်ထားတဲ့ စာရွက်စာတမ်းပြည့်စုံရင် ဘန်ကောက်မြို့ မြန်မာသံရုံးနဲ့ ချင်းမိုင်မြို့ ကောင်စစ်ဝန် ချုပ်ရုံးတို့မှာ နေ့ချင်းပြီး အသစ်လဲလှယ်ပေးတာကို ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။

စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းခွင်အသီးသီးက လုပ်သားတွေကို စက်ရုံ တာဝန်ခံတွေက အုပ်စုဖွဲ့ပြီး စာရွက်စာတမ်း ပြည့်စုံစွာနဲ့ ခေါ်လာရင်လည်း နေ့ချင်းပြီး ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် အချို့ အလွတ်တန်း ဝန်ဆောင်မှုပေးနေတဲ့ ကိုယ်စားလှယ်တွေက ဈေးနှုန်းများစွာ ဖော်ပြပြီး ဆွဲဆောင်စည်းရုံးနေတယ်လို့ မီဒီယာ တွေမှာ တွေ့ရှိနေရတာကြောင့် မိမိကိုယ်တိုင် လာရောက်ပြုလုပ်ကြဖို့နဲ့ မလိုအပ်ဘဲ ငွေကုန်ကျမှု မခံကြဖို့ကို လည်း အသိပေး ထုတ်ပြန်ထားပါတယ်။

image