1 w - Translate

မြန်မာ့လက်ဝှေ့ကျော် စိုးလင်းဦး အမှတ်ဖြင့် ရှုံးနိမ့်
--------------------------
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ စက်တင်ဘာ ၂၇ ရက်၊ ညပိုင်းက ကျင်းပတဲ့ One Friday Fights 81 ဘင်တန်ဝိတ်တန်းမွေထိုင်းပွဲစဉ်မှာ မြန်မာ့လက်ဝှေ့ကျော် သံမဏိ စိုးလင်းဦး နဲ့ ထိုင်းနိုင်ငံသား နာဘီးလ်တို့ ယှဉ်ပြိုင်ထိုးသတ်ရာမှာ နာဘီးလ်က စိုးလင်းဦးကို အမှတ်နဲ့ အနိုင်ရခဲ့ပါတယ်။

နာဘီးလ်က သူရဲ့ အရပ်အမောင်းမြင့်မားတာကို အသုံးချပြီး စိုးလင်းဦးကို သုံးချီစလုံး လက်ရည်အသာနဲ့ ထိုးသတ်သွားခဲ့တာပါ။

စိုးလင်းဦးအနေနဲ့ နာဘီးလ်ကို အသာစီးနဲ့ ထိုးသတ်နိုင်ဖို့ ကြိုးစားခဲ့ပေမယ့် နာဘီးလ်ရဲ့ ဒူးတိုက်ချက် လက်သီးချက် တွေကြောင့် အနားကပ်လို့ မရခဲ့ဘဲ အထိနာခဲ့ပြီး သုံးချီပြည့်တဲ့အထိ အကောင်းဆုံး ယှဉ်ပြိုင် ထိုးသတ်သွားတာကို တွေ့ရပါတယ်။

စိုးလင်းဦးအနေနဲ့ One Championship ပွဲစဉ်တွေမှာ အရင်က သုံးပွဲယှဉ်ပြိုင်ထားပြီး သုံးပွဲစလုံး အလဲထိုး၊ ဒိုင်ပွဲရပ် တွေနဲ့ အနိုင်ရထားပေမယ့် အခုပွဲစဉ်မှာတော့ ပထမဆုံး ရှုံးပွဲ ကြုံတွေ့ခဲ့တာ ဖြစ်ပါတယ်။

One Friday Fights 81 ရဲ့ ကစ်ဘောင်ဆင် ဖလိုင်းဝိတ်တန်းပွဲစဉ်မှာလည်း မြန်မာ့လက်ဝှေ့ကျော် သန့်ဇင်ဟာ ဂျပန်နိုင်ငံသား တာခဲရုကို ဒုတိယအချီမှာ အလဲထိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

image