1 w - Translate

ပိုက်ဆံသိပ်မသုံးသင့်တဲ့ Skincare Steps များ🤫
(Part-3)

အပိုင်း-၃ ကနေ ကြိုဆိုပါတယ်ခင်ဗျာ။ ပိုက်ဆံသိပ်မသုံးသင့်တဲ့ skincare steps တွေအကြောင်း အပိုင်း-၁ နဲ့ ၂ ကို အောက်မှာဖတ်ပါနော်🫶

Part-1
https://www.facebook.com/share..../p/MACg771eeAJyyvWb/

Part-2
https://www.facebook.com/share..../p/MtWpA7rKJasDkZQp/

8. Body Scrub📍

Body scrub တွေက Nyi အမြင် အသုံးဝင်တာမှန်ပေမယ့် ဒီကလူတွေရဲ့အမြင်မှာ တော်တော်ကြီး overrated ဖြစ်နေတယ်လို့ ခံစားရတယ်။ သုံးပေးရင် အကျိုးရှိတာမှန်တယ် ဒါပေမဲ့ မသုံးလို့အဆင်ပြေလားဆို ပြေနေတာပဲ။ Body scrub သုံးမှ အသားအရေကောင်းမယ်၊ အသားဖြူမယ်ဆိုတဲ့အတွေးတွေ ဖျောက်သင့်နေပါပြီ။ အရင်ခေတ်ကလူတွေဆို ဘယ်လိုလုပ်မလဲ? ချေးတွန်းဖို့ ကျောက်ခဲတို့၊ လက်တို့ပဲ သုံးခဲ့ကြတာလေနော်။ အကယ်၍ သုံးမယ်ဆိုလို့ရှိရင်လဲ ကိုယ်တတ်နိုင်သလောက်ပဲ budget option မျိုးရွေးလို့ရပါတယ်။ Local brand တွေထဲလဲ စျေးတန်ပြီးကောင်းတာတွေအများကြီးမလို့ ကိုယ်က budget save ဖြစ်ဖို့ကို ထည့်သွင်းစဉ်းစားနေတဲ့သူသာဆိုရင် ခုအချိန်အခါမှာ body scrub တခုကို 4-5သောင်းပေးပြီးတော့ မဖြုန်းသင့်ဘူးလို့ Nyi တော့ယူဆပါတယ်နော်။

9. Body Lotion📍

Body lotion နဲ့ပတ်သက်ပြီးလဲ မှာရမှာပါပဲ။ ကိုယ်တွေသာ အပျင်းထူပေမဲ့ တချို့ body lotion လိမ်းရတာ သိပ်ကြိုက်တဲ့သူတွေ ရှိတယ်။ မနက်ည lotion လေးမှ မလိမ်းရရင် စားမဝင်အိပ်မပျော်တဲ့သူမျိုး။ Lotion ကိုအားရပါးရလိမ်းတဲ့သူမျိုးကျတော့ ပိုက်ဆံပေါရင်တောင် amount များတာမျိုးရွေးမှ အဆင်ပြေတယ်။ Body lotion ကလဲ စျေးကွက်ထဲမှာ စျေးအစားစားနဲ့မလို့ ကိုယ်ပိုက်ဆံသုံးရင်သုံးသလောက် ထွက်တယ်ပေါ့နော်။ ဘာပဲဖြစ်ဖြစ် ပစ္စည်းက quality စိတ်ချရပြီး ကိုယ်ကမှန်မှန်လိမ်းဖို့သာ အရေးကြီးတော့ budget save ဖြစ်တာမျိုး ရွေးချယ်သုံးဖို့သာ အကြံပေးချင်ပါတယ်။ စျေးချိုရင်ပြီးရော၊ ပမာဏများများပါရင်ပြီးရော တခါလိမ်းပြီး ချောင်ထိုးရမယ့်ပစ္စည်းမျိုးတွေလဲရှောင်ဖို့ အကြံပြုပါရစေခင်ဗျာ။

10. Deodorant📍

ပိုက်ဆံကိုချွေတာချင်တယ်ဆိုရင် deodorant ကိုမသုံးတော့ဘဲ မနေနဲ့၊ စျေးချိုပြီးကောင်းတာကို ရှာသုံးနော်။ စျေးချိုပြီး အာနိသင်ထိရောက်တဲ့ deodorant မျိုး Nyi လဲညွှန်ပေးဖူးပါတယ်။ အဓိက message ပေးချင်တာက စျေးကြီးတာကြီးမှ effective ဖြစ်တာမဟုတ်ဘူး၊ စျေးသင့်ပြီးကောင်းတာတွေလဲ အများကြီးရှိကြောင်း သိစေချင်တယ်နော်။ Budget save ထိုင်အော်နေပြီး deodorant ဖိုးကို 4,5သောင်းပေးသုံးနေရင်တော့ လမ်းကနေ ဒုတ်ကောက်ခဲ့ပါလို့ Review By Nyi ကနေ မှာပါရစေ။

11. Hair Mask📍

Hair mask တွေလဲ ထိုနည်းလည်းကောင်းပဲ။ Nyi ခုနောက်ပိုင်းသုံးဖြစ်တဲ့ Local brand တွေက hair mask တွေဆို Korea, Japan products တွေနဲ့ ယဉ်ဘောင်တန်းနိုင်အောင်ကို ကောင်းတယ်။ သုံးပြီးတာနဲ့ result ကိုထင်းလင်းနေအောင် မြင်ရတယ်ကွာ။ စျေးနှုန်းအားဖြင့်လဲ သောင်းဂဏန်းစွန်းစွန်းပဲ။ နောက်မှ Nyi စုပြီး review ရေးပေးပါအုံးမယ်။ ဆိုတော့ budget ချွေတာချင်တဲ့သူတွေဆို hair mask အတွက် Nyi အနေနဲ့ local brand ထဲကသုံးဖို့ပဲ suggest လုပ်ပါတယ်နော်။ သုံးတဲ့အခါ ချွေတာဖို့နည်းလမ်းကိုတော့ Nyi နောက်မှပဲ tip ထုတ်ပေးပါအုံးမယ်ဗျ။

12. Hand Cream📍

တကယ်တမ်းချွေတာမယ်ဆို hand cream ကသုံးကိုမသုံးသင့်တာပါ။ ဘာလို့ဆို body lotion နဲ့လုပ်ဆောင်ပုံခြင်း တူညီတာကိုး။ Experience လေးပဲ အနည်းငယ်ကွာသွားလိမ့်မယ်။ Hand cream တွေက လက်အတွက်ကိုပဲ specifically ရည်ရွယ်ပြီး ထုတ်ထားတာကြောင့် body lotion ကိုလက်လိမ်းတာနဲ့ယှဉ်ရင် စိမ့်ဝင်တာပိုပြီးမြန်ပါတယ်။ တခါတလေ body lotion ကိုလက်လိမ်းတဲ့အခါ အသားထဲကို တော်တော်နဲ့မစိမ့်ဝင်ဘဲ ပျစ်ချွဲချွဲဖြစ်နေတတ်တယ်လေနော်။ Hand cream နဲ့တော့ အဲ့လိုဖြစ်တာကို သက်သာစေပါတယ်။ ဒါပေမဲ့လဲ ဆင်တူတဲ့ရလဒ်ကိုရတာမလို့ budget ချွေတာချင်တဲ့သူဆိုရင် hand cream သုံးဖို့ Nyi ကမညွှန်းပါဘူး။ Body lotion ကိုပဲလိမ်းဖို့ အမြဲပြောလေ့ရှိပါတယ်။

ဒီလောက်ပါပဲဗျ။ အဆုံးထိဖတ်ပေးလို့ ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ🤗💙

#knowledgesharingbynyi
#reviewbynyi
#crd

image