1 w - Translate

RB အသင်းနှင့် ရစ်စီယာဒို ရုတ်တရက်လမ်းခွဲ
--------------------
အခုရာသီ ဖော်မြူလာဝမ်းပွဲစဉ် (၁၈)ပွဲ ပြီးဆုံးချိန်မှာ ရမှတ် ၃၄ မှတ်နဲ့ အသင်းလိုက်ရပ်တည်မှု အဆင့်-၆ နေရာကို ရောက်နေတဲ့ RB အသင်းဟာ ဩစတြေးလျဝါရင့်ဒရိုင်ဗာ ရစ်စီယာဒိုနဲ့ ရုတ်တရက် လမ်းခွဲလိုက်တယ်လို့ စက်တင် ဘာ ၂၆ ရက်က ကြေညာလိုက်ပါတယ်။

ဒါ့အပြင် ရစ်စီယာဒိုရဲ့နေရာမှာ အသက် ၂၂ နှစ်အရွယ် ဩစတြေးလျ ဒရိုင်ဗာ လီယန် လော်ဆန်ကို အစားထိုး လိုက်တယ်လို့လည်း အတည်ပြုသွားခဲ့ပါတယ်။ အသက် ၃၅ နှစ်အရွယ် ရစ်စီယာဒိုဟာ ၂၀၂၃ မှာ အယ်လ်ဖာတော် ရီအသင်းနဲ့ ပြိုင်ပွဲဝင်ခဲ့သလို အခု ၂၀၂၄ ပြိုင်ပွဲ မှာလည်း အယ်ဖာတော်ရီ အသင်းကို အမည်ပြောင်းလဲလိုက်တဲ့ RB အသင်းနဲ့အတူ ပြိုင်ပွဲတွေ ဆက်ပြိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ ရမှတ် ၁၂ မှတ်သာ ရယူပေးထားနိုင်ခဲ့သလို ပုံစံကောင်း ပျောက်ဆုံးနေတဲ့ ရစ်စီယာဒိုရဲ့စွမ်းဆောင်မှုကို RB အသင်းတာဝန်ရှိ သူတွေက စိတ်တိုင်းမကျတာကြောင့် အခုလိုမျိုး ဒရိုင်ဗာ အပြောင်းအလဲပြုလုပ်ဖို့ကို ဆုံးဖြတ် လိုက်တာဖြစ်ပါ တယ်။ စူပါဖော်မြူလာ ချန်ပီယံရှစ်ပြိုင်ပွဲနဲ့ ဖော်မြူလာ(2) ပြိုင်ပွဲတွေမှာ အစွမ်းပြခဲ့တဲ့ လော်ဆန် ဟာ RB အသင်း မှာ ဂျပန်ဒရိုင်ဗာ ဆူနိုဒါနဲ့အတူ ရာသီလက်ကျန် ပွဲစဉ် ၆ ခုကို ပါဝင်ယှဉ်ပြိုင်ခွင့်ရတော့မှာလည်း ဖြစ်ပါတယ်။

image